OnePlus ဟာ အခုအချိန်မှာတော့ ပုံမှန် OnePlus ဖုန်းတွေကနေ ကွဲထွက်လာတဲ့ OnePlus Ace ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OnePlus Ace ဖုန်းဟာ တရုတ်နိုင်ငံတွင်းမှာပဲ မိတ်ဆက်လိုက်တာဖြစ်တာကြောင့် တကယ်လို့ နိုင်ငံတကာစျေးကွက်ကို မိတ်ဆက်မယ့်အချိန်မှာတော့ နာမည်ပြောင်းလဲပြီး မိတ်ဆက်လာနိုင်ပါတယ်။

အခု OnePlus Ace ဖုန်းဟာ အနည်းငယ် Customized ပြုလုပ်ထားတဲ့ MediaTek Dimensity 8100 Chipset ကို အသုံးပြုထားပြီးတော့ RAM 8GB ၊ 128GB Storage အနည်းဆုံးပါဝင်မှာဖြစ်ပါတယ်။ Storage ကို အမြင့်ဆုံး 512GB အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Display အနေနဲ့ကတော့ 6.7″ Full HD+ Resolution Display ကိုမှ 120Hz Refresh Rate Support ပေးထားမှာဖြစ်ပါတယ်။ Camera ပိုင်းကိုတော့ 50MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ 4500mAh Dual-cell Battery ပါဝင်မှာဖြစ်ပြီးတော့ 150W SuperVOOC Fast Charging ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ OnePlus ရဲ့ပြောကြားချက်အရတော့ ၅ မိနစ် အားသွင်းရုံနဲ့ 50% အထိ အားဖြည့်ပေးနိုင်မှာဖြစ်ပြီး Full Charge Cycle ပေါင်း ၁,၆၀၀ ကျော်အကြာမှာတောင် Battery Capacity 80% အထိ ကျန်ဦးမယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 ကို အသုံးပြုထားပါတယ်။

OnePlus Ace စမတ်ဖုန်းဟာ အနက်ရောင်နဲ့ အပြာရောင်ဆိုပြီး ၂ မျိုးထွက်ရှိထားမှာဖြစ်ပြီး RAM 8/128GB Model ကို 2,499 Yuan (မြန်မာငွေ ၇ သိန်း ၂ သောင်းဝန်းကျင်) ကနေစတင်ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံး RAM 12/512GB Model ကိုတော့ 3,499 Yuan (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) အထိ ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena