Samsung က ပြီးခဲ့တဲ့ ဩဂုတ်လမှာ Wear OS 3 ပါတဲ့ Galaxy Watch4 ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီ စမတ်နာရီအတွက် Google Assistant ကို နွေရာသီမှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။

Galaxy Watch4 44mm Bluetooth (Black) | Samsung Malaysia

အဲဒီ သတင်းစကားကို Samsung Electronics ရဲ့ Mobile eXperience Business မှ Customer Experience Office အကြီးအကဲ ဖြစ်သူ Patrick Chomet က ပြောကြားလိုက်တာ ဖြစ်ပြီး သူက Galaxy Watch4 ရဲ့ Google Assistant ဟာ ပိုမြန်ကာ ပိုမို သဘာဝကျတဲ့ အသံကို ပံ့ပိုးပေးနိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် မေးခွန်းတွေကို မြန်ဆန်စွာ ဖြေကြားပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung Galaxy Watch4 Review | PCMag

Chomet က Third-party Partner တွေအတွက် လုပ်ဆောင်ချက်တွေ ပိုကောင်းအောင် ပြုလုပ်ပေးထားမယ်လို့ ပြောပြီး Spotify မှာ သီချင်းတွေပြောင်းဖို့ Google Assistant ကို အသံနဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ သူက Android စမတ်ဖုန်းတွေနဲ့ စမတ်နာရီကို ပိုမို ချိတ်ဆက်ကာ အသုံးပြုနိုင်စေဖို့အတွက် Galaxy Watch တွေမှာ Google Apps နဲ့ Services တွေကို ဒီနှစ် နှောင်းပိုင်းမှာ ထည့်သွင်းပေးသွားမယ်လို့ ပြောပါတယ်။

Chomet က Galaxy Watch4 အတွက် Google Assistant ကို နွေရာသီ ဘယ်အချိန်မှာ ဖြန့်ချိပေးမလဲဆိုတာကို အတိအကျ မပြောသေးပါဘူး။ ဒါပေမယ့်လည်း ဘာစကားမှ မကြားရတာထက်စာရင် နွေရာသီမှာ ကျိန်းသေပေါက် ဖြန့်ချိမှာ သေချာပါတယ်။

Ref : gsmarena