Honor ဟာ ယခုနှစ်အတွင်းမှာ Flagship Series ဖုန်းတွေဖြစ်တဲ့ Honor 70 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ Honor 70 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် Camera ပိုင်း သတင်းတစ်ခုတော့ ထွက်ရှိလာပြီဖြစ်ပါတယ်။

ဒါကတော့ တရုတ်နိုင်ငံတွင်းက နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ပြောကြားခဲ့တာဖြစ်ပြီး Honor 70 Series ဖုန်းတွေဟာ Sony ရဲ့ Flagship IMX 800 Camera Sensor ကို အဓိကအသုံးပြုလာမှာဖြစ်ပါတယ်။ လောလောဆယ်အထိ အဆိုပါ Sony IMX 800 Sensor ဟာ တရားဝင်မိတ်ဆက်ရခြင်းမရှိသေးတာကြောင့် ဘယ်လောက်ထိ စွမ်းဆောင်ရည်ကောင်းမလဲဆိုတာကို မသိရသေးပါဘူး။

Sony IMX 800 Sensor ဟာ Sensor Size အနေနဲ့ 1/1.1″ ရှိမှာဖြစ်ပြီး လက်ရှိမှာ အရွယ်အစားအကြီးမားဆုံး Camera Sensor ဖြစ်တဲ့ Samsung ရဲ့ 50MP 1/1.12 GN2 Sensor ထက်တောင် ပိုကြီးနေတာဖြစ်ပါတယ်။ ဒါကြောင့် အလင်းဝင်နှုန်းတွေ၊ Details ပိုင်းတွေမှာ ပိုကောင်းမယ်လို့ ခန့်မှန်းရပါတယ်။

Honor ဖုန်းတွေထဲက Model Number FNE-AN00 နာမည်နဲ့ ဖုန်းတစ်လုံးကတော့ China 3C Certification ရရှိထားပြီး Honor 70 Series ထဲက ဖုန်းတစ်လုံးဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အဆိုပါ ဖုန်းဟာ 6.67″ Full HD+ OLED Display ပါဝင်မှာဖြစ်ပြီး BOE Screen အမျိုးအစားဖြစ်သလို PWM High-frequency Dimming ကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ တခြား အချက်အလက်တွေအနေနဲ့ကတော့ 4800mAh Battery ၊ 60W Fast Charging နဲ့ 5G Network တွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Honor 70 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး တခြားသော အသေးစိတ်သတင်းတွေကိုတော့ မကြာခင်မှာ သိရှိရမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China