Xiaomi ဟာ Redmi Note 11T Series ဖုန်းတွေကို တရုတ်မှာ မေလ ၂၄ ရက်နေ့ ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပြီး မိတ်ဆက်ပွဲမှာ အဲဒီ ဖုန်းတွေအပြင် တခြား Device တွေကိုပါ ကြေညာမှာပါ။ အခုတော့ Xiaomi က Redmi Note 11T Series နဲ့အတူ Mi Band 7 ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပြီး Mi Band 7 ရဲ့ Specs တချို့နဲ့ ဓါတ်ပုံတချို့ကိုပါ သိလာရပါပြီ။

Mi Band 7 မှာ အရင်မျိုးဆက်မှာလို ဆေးတောင့်ပုံ ဒီဇိုင်းကို အသုံးပြုထားပေမယ့် ၁.၆၂ လက်မ AMOLED မျက်နှာပြင်က Mi Band 6 ရဲ့ ၁.၅၆ လက်မထက် ပိုကြီးလာပါတယ်။ မျက်နှာပြင်ပိုကြီးလာတဲ့အတွက် စကရင်မှာ သတင်းအချက်အလက်တွေကို ပိုမို မြင်လာရမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား ပိုမိုကြီးမားလာတာဟာ ဒီဇိုင်းကို ဘယ်လို အကျိုးသက်ရောက်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Xiaomi မျှဝေထားတဲ့ Teaser အသစ်တွေအရ NFC ပါလာမှာ ဖြစ်ပြီး နိုင်ငံ အပေါ်မူတည်ကာ ထည့်သွင်း ရောင်းချမယ်လို့ ထင်ရပါတယ်။ တခြား လုပ်ဆောင်ချက်တွေအနေနဲ့ နှလုံးခုန်နှုန်း ၊ သွေးတွင်းအောက်ဆီဂျင် ပမာဏနဲ့ လေ့ကျင့်ခန်း ဒေတာတွေကို တွက်ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရာသီဥတု၊ သီချင်း ထိန်းချုပ်မှုနဲ့ Alarms တို့အတွက် Apps တွေ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Ref : gsmarena