Vivo Y33e 5G ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ မတ်လက ကုမ္ပဏီဟာ တရုတ်မှာ Vivo Y33s 5G ကို မိတ်ဆက်ခဲ့ပြီး အခု Y33e ဟာ Y33s ရဲ့ ဗားရှင်း အသစ် ဖြစ်ပါတယ်။
Vivo Y33e 5G မှာ ၆.၅၁ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ HD+ Resolution ရှိပြီး အရွယ်သေး Notch ပါလာပါတယ်။ 60Hz Refresh Rate ထည့်ထားပြီး Screen-to-body Ratio က ၈၈.၉၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဆဲလ်ဖီးကင်မရာက 8MP ဖြစ်ပြီး အနောက်ဘက်မှာ 13MP Main , 2MP Macro ကင်မရာ ၂ လုံး ပါလာပါတယ်။ Portrait Mode, Night Scene, Time-Lapse နဲ့ တခြား ဓါတ်ပုံ လုပ်ဆောင်ချက်တွေ ထည့်ထားပြီး Android 12 အခြေပြု OriginOS Ocean UI မောင်းနှင်ထားပါတယ်။
Dimensity 700 Chipset တပ်ဆင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်ထားကာ microSD Card စိုက်နိုင်ပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Dual SIM Support, Wi-Fi 802.11ac, Bluetooth 5.1, GPS, A USB-C Port နဲ့ 3.5mm Audio Jack စတဲ့ လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပါတယ်။
Vivo Y33e 5G ကို တရုတ်မှာ ဇွန်လ ရောင်းချမှာ ဖြစ်ပြီး 4GB RAM/128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ၁,၂၉၉ ယွမ် သတ်မှတ်ထားပြီး Fluorite Black နဲ့ Magic Blue ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။
Ref : gizmochina