Amazfit ဟာ အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ Smartwatch နဲ့ Fitness Tracker တွေကို ထုတ်လုပ်ပြီး အောင်မြင်မှုရရှိနေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလည်း Amazfit ကနေ Bip 3 အမည်ရတဲ့ Smartwatch အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Amazfit Bip 3 ဟာ 1.69-inch TFT LCD Display ကိုအသုံးပြုထားပြီး Onboard GPS အပြင် Heart Rate ၊ SpO2 Tracking Feature တွေကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Workout Mode အနေနဲ့လည်း အမျိုးအစားပေါင်း ၆၀ ကျော် ပါဝင်မှာဖြစ်ပြီး Sleep နဲ့ Stress Tracking တွေလည်းပါဝင်မယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 280mAh Battery ပါဝင်ပြီးတော့ တစ်ကြိမ်အားသွင်းထားရင် အချိန် ၂ ပါတ်အထိ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရေစိုခံနိုင်ပြီးတော့ Amazfit ရဲ့ ပြောကြားချက်အရတော့ 5ATM Water Resistant Rating ပါဝင်မှာဖြစ်ပါတယ်။

Amazfi Bip 3 ဟာ အရောင်အနေနဲ့ Black ၊ Pink နဲ့ Blue ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ Brazil နိုင်ငံမှာပဲ တရားဝင်မိတ်ဆက်ရောင်းချနေသေးတာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ၅၈ ဒေါ်လာ (မြန်မာငွေ ၁ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး မကြာခင်မှာ တခြားသော စျေးကွက်တွေမှာလည်း ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena