ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ Galaxy Z Fold4 နဲ့ ပတ်သက်ပြီး လူတွေ သိပ်မပြောကြသေးတဲ့ အကြောင်းက ဆော့ဖ်ဝဲ အပိုင်း ဖြစ်ပါတယ်။ Z Fold4 မှာ Foldable, Tablet , Chrome OS Device တွေအတွက် အထူးဖန်တီးထားတဲ့ Android 12L မောင်းနှင်ထားပါတယ်။
Z Fold4 ရဲ့ အဓိက ဆော့ဖ်ဝဲ လုပ်ဆောင်ချက် ၁ ခုက UX အောက်ခြေမှာ ထည့်သွင်းထားတဲ့ Taskbar ဖြစ်ပါတယ်။ စမတ်ဖုန်း လောကကထွက်လာတဲ့ သတင်းတွေအရ အဲဒီ Taskbar ကို ဒီနှစ်နှောင်းပိုင်းမှာ One UI 4.1.1 နဲ့အတူ Galaxy Z Fold Device အဟောင်းတွေမှာ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။
Previous Galaxy Z Fold devices will get the new Taskbar introduced with the Z Fold4 alongside One Ui 4.1.1 "later this year" pic.twitter.com/PUBxGpyfNI
— Anthony (@TheGalox_) August 13, 2022
ဒါဟာ အံ့အားသင့်စရာ မကောင်းပေမယ့် စိတ်ဝင်စားစရာ မေးခွန်းတွေ ရှိလာပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ မေးခွန်း ၁ ခုက Samsung ဟာ Android L ကို Fold Device အားလုံးမှာ ထည့်သွင်းပေးမလား၊ မကြာခင်က ထွက်ခဲ့တဲ့ Fold Device တွေမှာပဲ ထည့်သွင်းပေးမလား ဆိုတာ ဖြစ်ပါတယ်။
လက်ရှိမှာ Z Fold4 One UI 4.1.1 အသစ်ဟာ Android 12L အသစ်နဲ့ ဘယ်လောက် ဆက်စပ်နေသလဲဆိုတာ မပြောနိုင်သေးသလို Samsung ရဲ့ Custom Skin Effort ဟာ ဘယ်လောက်ရှိသလဲဆိုတာ မသိရသေးပါဘူး။ Z Fold4 မှာ Google App တွေကို Column ၂ ခုမှာ ထည့်သွင်းထားပြီး လေးထောင့်ကျတဲ့ မျက်နှာပြင်မှာ Navigate လုပ်ရတာ ပိုမိုလွယ်ကူလာပါတယ်။ Productivity နဲ့ Social Media App တချို့ကလည်း ဖုန်း ခေါက်ချိုးထားတာကို သိနားလည်ပြီး ပုံမှန် Orientation ကို ပြောင်းလဲပေးနိုင်ပါတယ်။
Ref : gsmarena