Vivo က မကြာခင်မှာ စမတ်ဖုန်း ၃ လုံးကို ကြေညာဖို့ စီစဉ်နေပါတယ်။ အားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက Galaxy Z Fold4, Mix Fold2 နဲ့ Mate Xs တို့ကို ယှဉ်ပြိုင်မယ့် Vivo ရဲ့ Foldable ဖုန်း အသစ် ဖြစ်ပါတယ်။

Digital Chat Station က အဲဒီ စမတ်ဖုန်းကို Vivo X Fold S လို့ နာမည်ပေးထားမှာ ဖြစ်ပြီး စက်တင်ဘာလမှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။

vivo X Fold

အဲဒီ Foldable ဖုန်း မလာခင်မှာ iQOO Z6 ကို အရင် ကြေညာမှာ ဖြစ်ပြီး 5G နဲ့ 80W Fast Charging ပါလာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိရဖို့ အချိန်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dimensity 9000+ Chipset ပါတဲ့ iQOO Neo7 စမတ်ဖုန်းလည်း လာဦးမှာ ဖြစ်ပါတယ်။

Vivo's new foldable phone may be introduced in September with the name X Fold S - TechnoPixel

အဲဒီ စမတ်ဖုန်း ၃ လုံး မိတ်ဆက်ပွဲတွေကို Vivo က ပြင်ဆင်ပြီးပြီလို့ သတင်းထွက်နေပါတယ်။ ဒီနှစ် မကုန်ခင် စွမ်းရည်မြင့် X90 Series အပါအဝင် Vivo ရဲ့ Device တွေ ထွက်လာဖို့ရှိနေပါတယ်။

Qualcomm က နိုဝင်ဘာလနှောင်းပိုင်းမှာ နောက်မျိုးဆက် စွမ်းရည်မြင့် Chipset ကို ကြေညာလိုက်တာနဲ့ သတင်းအချက်အလက်တွေ ထပ်မံသိလာရမယ်လို့ Digital Chat Station က ပြောပါတယ်။

Ref : gsmarena