Samsung Galaxy S23 Ultra မှာ 200MP ကင်မရာ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Tipster Alvin က ပိုမြန်တဲ့ Qualcomm ရဲ့ 3D Sonic Max လက်ဗွေရာ ဆန်ဆာ နည်းပညာပါလာမယ်လို့ ပြောလိုက်ပြီး အဲဒီ တူညီတဲ့ ဆန်ဆာကို Vivo X80, iQOO 9 Pro တို့မှာ သုံးထားပါတယ်။ S23 Ultra မှာ ကြီးမားတဲ့ Scanning ဧရိယာ ပါလာမှာ ဖြစ်ပြီး လက်ဗွေရာကို လျှင်မြန်စွာ Scan လုပ်နိုင်မယ်လို့ သတင်းထွက်လာပါတယ်။
လက်ဗွေရာ ဆန်ဆာ အသစ်ကို S23 Series စမတ်ဖုန်း အားလုံးမှာ ထည့်သွင်းထားမလား Ultra မှာပဲ ထည့်သွင်းထားမလားဆိုတာ မသိရသေးပါဘူး။
မကြာခင်က ပေါက်ကြားသတင်းအရ S23 Ultra မှာ နိုဝင်ဘာလမှာ ကြေညာမယ့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ သိရပြီး 4nm Process ကို အခြေပြု တည်ဆောက်ထားတဲ့ TSMC က ထုတ်လုပ်တဲ့ Chipset ဖြစ်ပါတယ်။
S23 Ultra မှာ အရင်မျိုးဆက်မှာလို တူညီတဲ့ 5,000mAh ဘက်ထရီ ပါလာနိုင်ပေမယ့် ဘက်ထရီ သက်တမ်း ပိုကောင်းလာမှာ သေချာပါတယ်။ S22 Ultra မှာ ဘက်ထရီ စားသုံးမှု ပိုများတဲ့ Snapdragon 8 Gen 1 Chipset ထည့်ထားတာပါ။
S23 Ultra မှာ 200MP Samsung HP2 Main , 12MP Ultrawide နဲ့ 10MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
Samsung Galaxy S23 Ultra ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ Galaxy S23+ , Galaxy S23 တို့နဲ့အတူ ကြေညာနိုင်ပါတယ်။
Ref : gizmochina