Samsung Electronics က တောင်ကိုရီးယားနိုင်ငံ Giheung မှာ Semiconductor သုတေသန စင်တာ အသစ်ကို တည်ဆောက်မယ်လို့ သောကြာနေ့က ကြေညာလိုက်ပြီး အဆင့်မြင့် Semiconductor နည်းပညာမှာ ကုမ္ပဏီရဲ့ ဦးဆောင်နေမှုကို အရှိန်မြှင့်ဖို့ ရည်ရွယ်ထားပါတယ်။

Samsung R&D facility South Korea

Samsung ဟာ အဲဒီ စင်တာမှာ ၂၀၂၈ ခုနှစ်အထိ ကိုရီးယားဝမ် ၂၀ ထရီလီယမ် ( ဒေါ်လာ ၁၅ ဘီလီယမ်) ရင်းနှီးမြှပ်နှံဖို့ ရည်ရွယ်ထားပြီး စင်တာဟာ 109,000 Square Meter ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ စင်တာမှာ နောက်မျိုးဆက် Device တွေအတွက် အဆင့်မြင့် နည်းပညာတွေကို သုတေသနပြုလုပ်မှာ ဖြစ်သလို Memory နဲ့ System Semiconductor တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ရေရှည် စီမံကိန်းအတွက် နည်းပညာ အသစ်တွေကို တီထွင်ဆန်းသစ်မှာ ဖြစ်ပါတယ်။

Samsung Launches Its New R&D Project Complex!! – Techensive

Samsung က Semiconductor ထုတ်လုပ်ရာမှာ ရင်ဆိုင်ရတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားချင်ပြီး Semiconductor နည်းပညာ နယ်ပယ်မှာ ဆက်လက် ဦးဆောင်နိုင်နေဖို့ အခု စင်တာ အသစ်ကို တည်ဆောက်တာ ဖြစ်ပါတယ်။

အခု စင်တာ အသစ်ဟာ Memory , System LSI နည်းပညာတွေကို အဓိကထား ဖန်တီးနေတဲ့ Hwaseong က Samsung ရဲ့ လက်ရှိ သုတေသန စင်တာ၊ Pyeongtaek Production စင်တာတို့နဲ့ ပူးပေါင်း အလုပ်လုပ်မှာ ဖြစ်ပါတယ်။

အခု စင်တာ အသစ်ဟာ Samsung ရဲ့ သုတေသန စင်တာတွေထဲမှာ အကြီးမားဆုံး ဖြစ်ပြီး ပြိုင်ဖက်ကင်း Logic နဲ့ Memory Chip တွေ ထုတ်လုပ်ချင်တဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။

Ref : gizmochina