လက်ရှိအချိန်မှာ စမတ်ဖုန်းစျေးကွက်ဟာ ယခင်နှစ်တွေနဲ့ နှိုင်းယှဥ်ရင် တော်တော်များများကျဆင်းနေတာဖြစ်ပါတယ်။ Analyst ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canlyst ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒုတိယ ၃ လပါတ်ကာလအတွင်းမှာ တကမ္ဘာလုံးရဲ့ စမတ်ဖုန်းရောင်းချရမှုတွေဟာ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်းခန့် ပိုပြီး ကျဆင်းသွားတယ်လို့ သိရပါတယ်။
အခုလည်း ကမ္ဘာ့အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ကနေ ယခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်မှုကိုလျော့ချသွားမယ်ဆိုပြီး သတင်းတွေထွက်ရှိလာပါပြီ။ အဆိုပါ သတင်းကိုတော့ South Korea Media တစ်ခုဖြစ်တဲ့ The Elec ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Samsung အနေနဲ့ ပြန်လည်တွက်ချက်မှုတွေအပြီးမှာ အခုလိုမျိုး လျော့ချထုတ်လုပ်သွားဖို့ကို စီစဥ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် Samsung ဟာ အစောပိုင်းတုန်းက ခန့်မှန်းထားတဲ့အတိုင်း ၂၀၂၂ ခုနှစ်အတွက် စမမတ်ဖုန်းအလုံးရေ သန်း ၃၀၀ ခန့် ထုတ်လုပ်သွားတော့မှာမဟုတ်ဘဲ သန်း ၂၆၀ ခန့်ပဲ ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီအတွက် Samsung ဟာ လာမယ့် အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ စမတ်ဖုန်းအလုံးရေ ၃၄ သန်းပဲ ထုတ်လုပ်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါဟာ ယခင် ၃ လပါတ်ကာလတွေနဲ့ ယခင်နှစ်တွေတုန်းကထက် အများကြီး လျော့နည်းတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။
Samsung အနေနဲ့ အခုလိုမျိုး စမတ်ဖုန်းထုတ်လုပ်မှုတွေကို လျော့ချလိုက်ရတာဟာ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေတာကြောင့် အဓိကဖြစ်ပြီး ဝယ်လိုအားလျော့နည်းလာတာနဲ့ တခြားသော Supply Chain Issue တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြဿနာတွေဟာ Samsung အပြင် တခြားသော ကုမ္ပဏီကြီးတွေလည်း ခံနေရတဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့ Apple ကုမ္ပဏီတစ်ခုပဲ ထိခိုက်မှုနည်းပါးနေတာဖြစ်ပါတယ်။
Ref – Gizmo China