Xiaomi 12T Series ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး Xiaomi 12T နဲ့ 12T Pro တို့ ဖြစ်ပါတယ်။ Xiaomi 12T Series ရဲ့ ဒီဇိုင်းဟာ Xiaomi 12 Pro နဲ့ တူညီပြီး ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင် အလယ် Punch Hole နဲ့ အနောက်ဘက် လေးထောင့် ကင်မရာ အကွက် ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၆၇ လက်မ OLED 1.5K မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြိး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Xiaomi 12T

Xiaomi 12T Series မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Xiaomi 12T မှာ 108MP Main (OIS) , 8MP Ultrawide , 2MP Macro နဲ့ Xiaomi 12T Pro မှာ 200MP Main , 8MP Ultrawide, 2MP Macro တွေ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 20MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Xiaomi 12T မှာ Dimensity 8100 Chipset , 8GB LPDDR5 RAM ပါလာပြီး 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ 12T Pro မှာ Snapdragon 8 Plus Gen 1 SoC မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး Dual SIM , 5G, WiFi 6, Bluetooth 5.2, GPS, NFC, IR Blaster နဲ့ USB Type-C Port တွေ ပါပါတယ်။ 120W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး ၁၉ မိနစ်ထဲနဲ့ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

တန်ဖိုးအနည်းဆုံး အနေနဲ့ Xiaomi 12T ဟာ ၅၉၉ ယူရို (၁၈ – ၁၉ သိန်း ဝန်းကျင်) နဲ့ Pro ဟာ ၇၄၉ ယူရို (၂၃ – ၂၄ သန်း ဝန်းကျင်) က စပါတယ်။ ဖုန်း ၂ လုံးစလုံးအတွက် Cosmic Black, Lunar Silver နဲ့ Clear Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၁၃ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina