တခြားကုမ္ပဏီရဲ့ ဖုန်းကို အသုံးပြုပြီး မိမိကုမ္ပဏီရဲ့ ဖုန်းတွေကို ကြော်ငြာတာဟာ ရှက်စရာ ကောင်းပါတယ်။ Apple နဲ့ Google ဟာ စမတ်ဖုန်း ဈေးကွက်မှာ အဓိကပြိုင်ဖက်တွေ မဟုတ်ပေမယ့် ကုမ္ပဏီ ၂ ခုစလုံးဟာ စမတ်ဖုန်း‌တွေ ရောင်းချနေကြပါတယ်။

Pixel 7 series

အခုတော့ Google ရဲ့ တွစ်တာက လူမှုကွန်ရက် အဖွဲ့ဟာ နောက်ဆုံးထုတ် Pixel 7 Series ကို ကြော်ငြာဖို့အတွက် iPhone ကို အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။ Pixel 7 Series ကို ကြော်ငြာတဲ့ Tweet ရဲ့ အောက်မှာ “Twitter for iPhone” စာသားကို မြင်ရပါတယ်။ အဲဒီ Tweet ကို လျှင်မြန်စွာ ဖျက်ခဲ့ပေမယ့် Screenshot တွေက အင်တာနက်မှာ ပျံ့နှံ့သွားပါပြီ။

Samsung ကလည်း ဒီလို အမှားမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Samsung ဟာ Galaxy Unpacked Event ကို ကြော်ငြာဖို့ iPhone ကို အသုံးပြုခဲ့တာ လူမိသွားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Galaxy Note 9 မျက်နှာပြင်ကို ကြော်ငြာတုန်းကလည်း အလားတူ အမှားမျိုး ပြုလုပ်ခဲ့ပါတယ်။

Google Pixel 7 Pro

Google ရဲ့ Pixel 7 Series ဟာ ရောင်းချပြီး ရက်အနည်းငယ်အကြာမှာပဲ ပြဿနာများစွာ ကြုံတွေ့ခဲ့ရပါတယ်။ အစောပိုင်း သတင်းတွေအရ Pixel 7 Pro ရဲ့ မျက်နှာပြင်ဟာ စွမ်းအင် ပိုစားသုံးနေတယ်လို့ သိရပြီး အခုနောက်ဆုံး  သတင်းတွေအရ Pixel 7 Pro ရဲ့ မျက်နှာပြင်ဟာ ချောမွတ်မှု မရှိဘဲ တုန့်ဆိုင်းနေပါတယ်။ User တွေက စာရိုက်တဲ့ အခါ ကီးဘုတ်က အလုပ်မလုပ်ဘူးလို့ ပြောနေကြပါတယ်။

User တချို့က မျက်နှာပြင်က Content တွေဟာ အလွန်ရှည်လျားပြီး Slide လုပ်ရတာ မကောင်းဘူးလို့ ပြောပါတယ်။ တခြား User တွေက App တချို့မှာ Left/Right Swipe Gesture တွေကို လုပ်ရတာ မလွယ်ကူဘဲ ကြာကြာ ပွတ်ဆွဲနေရတယ်လို့ သတင်းပေးထားကြပါတယ်။ အဲဒီ မျက်နှာပြင် ပြဿနာတွေကို Update နဲ့ ပြင်ဆင်ပေးပြီးပြီလို့ သတင်းထွက်နေပေမယ့် တချို့က Update လုပ်ပြီးတာတောင် အဲဒီ ပြဿနာ ရှိနေတုန်းပဲလို့ ပြောကြပါတယ်။

Ref : gizchina