Xiaomi ဟာ Redmi Note 12 Series ဖုန်းတွေအပြင် Laptop အသစ်ဖြစ်တဲ့ Xiaomi Book Air 13 ကိုပါ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Laptop ဟာ အလွန်ပါးလွှာတဲ့ Thin & Light Laptop တစ်လုံးဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်မှာဖြစ်ပါတယ်။
Xiaomi Book Air 13 ဟာ Specification ပိုင်းမှာ Intel Core i7-1250U သို့မဟုတ် i5-1230U Processor တွေကို အသုံးပြုထားမှာဖြစ်ပြီး RAM အနေနဲ့ 16GB LPDDR5 5200MHz နဲ့ 512GB PCIe 4.0 SSD တွေကို အသုံးပြုပေးထားမယ်လို့ သိရပါတယ်။
Display ပိုင်းမှာလည်း 13.3″ ရှိတဲ့ OLED Display ကို အသုံးပြုထားပြီး 2880×1800 Pixels Resolution နဲ့ 16:10 Aspect Ratio တွေကို ထောက်ပံ့ပေးထားပါတယ်။ Display ကို Gorilla Glass 3 နဲ့ပါ ကာကွယ်မှုပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Display ဟာ ပုံမှန် Laptop အတိုင်းအသုံးပြုနိုင်သလို 360-Degree ခေါက်ချိုးချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Dolby Vision ၊ HDR 500 ၊ DC Dimming နဲ့ 100% DCI-P3 Feature တွေပါ ပါဝင်မှာဖြစ်ပါတယ်။
Speaker ပိုင်းမှာ Dolby Atmos Stereo Speaker တွေကို အသုံးပြုထားပြီး Port တွေအနေနဲ့ကတော့ Thunderbolt 4 ကို ထောက်ပံ့ပေးထားတဲ့ USB-C Port ၂ ခုအပြင် 3.5mm Audio Jack ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 58.3Wh Battery ကို အသုံးပြုထားပြီး 65W PD Charging ပါဝင်မှာဖြစ်ပါတယ်။
Xiaomi Book Air 13 Laptop ဟာ 12mm ပဲ အထူရှိပြီး အလေးချိန်အနေနဲ့ 1.2Kg ပဲလေးမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Ultrabook တွေထဲမှာ အပါးလွှာဆုံး Laptop တွေထဲက တစ်ခုဖြစ်လာပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Intel i5 Version ကို 4,999 Yuan နဲ့ i7 Version ကို 5,599 Yuan ကျသင့်မှာဖြစ်တာကြောင့် အနည်းဆုံးမြန်မာငွေ သိန်း ၂၀ ဝန်းကျင် ကျသင့်မယ်လို့ ယူဆရပါတယ်။
Ref – GSM Arena