TENAA ကနေ Samsung Galaxy S23 Ultra ရဲ့ Specs တွေ ပေါက်ကြားလာပြီး အရွယ်အစား အပြည့်အစုံက 163.4 x 78.1 x 8.9mm နဲ့ အလေးချိန်က ၂၃၃ ဂရမ် ရှိမှာပါ။ ၆.၈ လက်မ 1440x3088p မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ဘက်ထရီကို 4,855mAh လို့ ဖော်ပြထားတဲ့အတွက် 5,000mAh ဖြစ်နိုင်ပါတယ်။
ဖုန်းရဲ့ CPU Frequency ကို 3.36GHz, 2.8GHz နဲ့ 2.0GHz လို့ ဖော်ပြထားတဲ့အတွက် Snapdragon 8 Gen 2 SM8550-AC ရဲ့ ပိုမြင့်တဲ့ Clock Speed နဲ့ တူညီနေပါတယ်။ Galaxy S23 Series ရဲ့ နိုင်ငံတကာမော်ဒယ်တွေမှာ Snapdragon 8 Gen 2 သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။
Galaxy S23 Ultra မှာ 8GB or 12GB RAM , 256GB or 512GB or 1TB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး အခြေခံ 8/128GB Version လည်း ထုတ်လုပ်ထားမှာပါ။ အခြေခံ မော်ဒယ်ကို တရုတ်မှာ မရောင်းချနိုင်ပါဘူး။ တရုတ်က မော်ဒယ်တွေမှာ ဂြိုလ်တု ဆက်သွယ်ရေးလည်း မပါလာနိုင်ပါဘူး။
ကင်မရာအကြောင်းပြောရရင် Galaxy S23 Ultra မှာ 200MP Sensor အသစ်၊ 3x and 10x Telephoto ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ ပင်မ ကင်မရာဟာ 8K @30fps Video တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Samsung Unpacked Event ကို ဖေဖော်ဝါရီလ ပထမ အပတ်မှာ ကြေညာနိုင်ပါတယ်။
Ref : gsmarena