Tecno ကနေ ထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမဆိုးဘူးလို့ ပြောနိုင်တာကြောင့် စျေးကွက်အတွင်းမှာ အထိုက်အလျောက်အောင်မြင်နေပြီဖြစ်ပါတယ်။ အခုလည်း Tecno ကနေ ၂၀၂၃ ခုနှစ်အတွက် စျေးနှုန်းသက်သာတဲ့ ဘတ်ဂျက်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့စမတ်ဖုန်းကို Tecno Spark Go 2023 လို့ နာမည်ပေးထားပြီး ယခင် Spark Go Series ဖုန်းတွေထက် အဆင့်မြှင့်တင်မှုအချို့ကို ပြုလုပ်ထားပါတယ်။

Specification တွေအနေနဲ့ 6.56″ HD+ LCD Display ကို အသုံးပြုထားပြီး 60Hz Refresh Rate ကိုပဲ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Selfie Camera ကို 5MP Camera Sensor ထည့်သွင်းပေးထားပြီး Waterdrop Notch ဒီဇိုင်းပြုလုပ်ထားပါတယ်။

Performance ပိုင်းမှာ MediaTek Helio A22 Chipset ကိုအသုံးပြုထားပြီး RAM 3GB + 32GB Storage သို့မဟုတ် RAM 4GB + 64GB Storage တွေရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card Slot လည်းပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာ 13MP Main + 2MP Depth Camera Setup ကို အသုံးပြုထားပါတယ်။ USB-C ကနေတစ်ဆင့် 10W Charging Support ပြလုပ်တဲ့ 5000mAh Battery ကို ထည့်သွင်းပေးထားသလို Software ပိုင်းမှာ Android 12 OS ကို အခြေခံထားတဲ့ Tecno ရဲ့ ကိုယ်ပိုင် HiOS 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Tecno Spark Go 2023 ဖုန်းဟာ ဘတ်ဂျက်ဖုန်းဖြစ်နေပေမယ့် Fingerprint Sensor လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Endless Black ၊ Nebula Purple နဲ့ Uyuni Blue ဆိုပြီး ၃ မျိုးထုတ်ထားပြီး စျေးနှုန်းနဲ့ရောင်းချမယ့်အချိန်ကို တရားဝင်ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ယခင် Spark Go Series ဖုန်းတွေလိုမျိုး Tecno Spark Go 2023 ဖုန်းဟာ ဒေါ်လာ ၁၀၀ အောက်နဲ့ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena