Nothing ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက Nothing Ear (1) Wireless Earbuds နဲ့ စျေးကွက်အတွင်းကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Nothing Phone (1) ကို ထပ်မံမိတ်ဆက်ခဲ့ပြီး Transparent Design ကြောင့် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

အခုလည်း Nothing ဟာ ယခုနှစ်ကုန်ပိုင်းမှာ ပိုပြီး Premium ဖြစ်လာမယ့် Nothing Phone (2) ကို မိတ်ဆက်ဖို့ စီစဥ်ထားပြီး US နိုင်ငံအတွင်းမှာပါ ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါက်ကြားလာတဲ့သတင်းက Nothing Ear (1) ရဲ့ မျိုးဆက်သစ် Wireless Earbuds ဖြစ်လာမယ့် Nothing Ear (2) ပဲဖြစ်ပါတယ်။

အဆိုပါ Nothing Ear (2) Earbuds ရဲ့ ဓါတ်ပုံတွေကို နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ OnLeaks က SmartPrix ကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ Nothing Ear (2) ဟာ Charging Case နဲ့ Design ပိုင်းမှာ Nothing Ear (1) နဲ့ဆင်တူပေမယ့် Microphone နဲ့ Sensor နေရာတွေကို အနည်းငယ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။

OnLeaks ရဲ့ ဖော်ပြချက်အရ Nothing Ear (2) Earbuds ဟာ Device ၂ ခုကိုတစ်ချိန်တည်းမှာ ချိတ်ဆက်ထားနိုင်တဲ့ Dual Connectivity Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Active Noise Cancellation (ANC) ကို အသုံးပြုသူစိတ်တိုင်းကျ Personalized ပြုလုပ်နိုင်မှာဖြစ်ပြီး Advanced EQ Feature လည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Nothing Ear (2) Earbuds ဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Nothing Ear (1) လိုမျိုးပဲ ဒေါ်လာ ၁၅၀ ဝန်းကျင် (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကျသင့်နိုင်ပါတယ်။

Ref – GSM Arena