OnePlus က ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက အရိပ်အမြွက် ပြောပြခဲ့တဲ့ OnePlus 11 Concept စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ အဲဒီ ဖုန်းကို ထုတ်လုပ်ရောင်းချမှာ မဟုတ်သေးဘဲ ကုမ္ပဏီရဲ့ Active CryoFlux အအေးပေး နည်းပညာကို ပြသဖို့ ရည်ရွယ်ထားတာပါ။

Oneplus 11 Concept Phone Revealed At MWC 2023 With Active CryoFlux Cooling Technology

Active CryoFlux ဟာ ဒတ်စတော့ ပီစီတွေမှာ တွေ့ရတဲ့ Closed-loop Liquid Cooling System ကို အမည်ပေးထားတာ ဖြစ်ပေမယ့် စမတ်ဖုန်းအတွက် အရွယ်အစား အလွန်သေးငယ်အောင် ဖန်တီးထားတာပါ။

ဖုန်း အထက်နဲ့ အောက်ဘက်ကို Tube တွေက တစ်ဆင့် အပူစုပ်ယူတဲ့ အရည်တွေ စီးဆင်းတဲ့ Ceramic Piezoelectric Micropump ကို အဲဒီ စနစ်မှာ ထည့်သွင်းထားပါတယ်။ Micropump ဟာ ဖုန်းမှာ 0.2cm2  လောက်ပဲ နေရာယူပါတယ်။ Pump ဟာ Heat Sink လို ဖြစ်ပြီး အရည်တွေဟာ SoC က အပူတွေကို စုပ်ယူပေးပါတယ်။

OnePlus က Active Cryoflux ဟာ အပူချိန်ကို ၂.၁ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ အားသွင်းနေချိန်မှာ အပူချိန်ကို ၁.၆ ဒီဂရီ စင်တီဂရိတ် အထိ လျှော့ချပေးနိုင်ပါတယ်။

OnePlus က အနောက်ဘက်မှာ ဖောက်ထွင်းမြင်ရတဲ့ ဖန်မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး ကုမ္ပဏီက Unibody ဒီဇိုင်းလို့ ပြောပါတယ်။ အနောက် ကာဗာကနေ ဖုန်းထဲက Tube တွေကို တွေ့မြင်နိုင်ပြီး ကင်မရာ ပတ်လည်မှာ Guilloche Etching Pattern အသစ်ကို အသုံးပြုထားပါတယ်။

OnePlus က အဲဒီ နည်းပညာတွေ ပါတဲ့ စမတ်ဖုန်းကို ဘယ်အချိန် ထုတ်လုပ်ရောင်းချမလဲ ဆိုတာ မသိသေးပါဘူး။

Ref : gsmarena