Apple က ပြီးခဲ့တဲ့နှစ်မှာ iPhone 14 Pro ကို ရောင်းချခဲ့ပြီး Dynamic Island , Satellite Emergency SOS နဲ့ Crash Detection တို့လို လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ အဲဒီ ဖုန်းဟာ MWC 2023 မှာ GSMA က ပေးတဲ့ Global Mobile Awards (GLOMO) ဆု ၂ ခု ရသွားပါတယ်။

iPhone 14 Pro ဟာ Google Pixel 7 Pro , Nothing Phone 1 , Samsung Galaxy Z Flip 4 နဲ့ Fold 4 တို့ကို ကျော်တက်ကာ Best Smartphone အဖြစ် ရွေးချယ်ခံရပါတယ်။ ဒါ့အပြင် Emergency SOS via Satellite ကြောင့် Disruptive Device Innovation ဆုကိုပါ ရသွားပါတယ်။ ဒီလုပ်ဆောင်ချက်က အထူး ဟာ့ဒ်ဝဲတွေ မပါဘဲ ဆယ်လူလာလိုင်း မမိတဲ့အချိန်မှာ Emergency Message တွေ ပေးပို့နိုင်ပါတယ်။ Disruptive Device Innovation ကဏ္ဍမှာ Google Tensor 2 Chip , Qualcomm Snapdragon နဲ့ Sony IMX989 ကင်မရာ ဆင်ဆာတို့ဟာ ဆန်ကာတင်စာရင်းမှာ ပါလာပါတယ်။

iPhone 14 Pro and iPhone 14 Pro Max - Apple

GSMA က “ Best Smartphone Award ဟာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်၊ တီထွင်ဆန်းသစ်မှုနဲ့ ဈေးကွက်မှာ ဦးဆောင်နိုင်မှုတို့ကို စစ်ဆေးကာ ပေးအပ်တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အကျုံးဝင်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း လေ့လာဆန်းစစ်သူတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေက ရွေးချယ်တာပါ။“ လို့ ပြောပါတယ်။

iPhone 14 Pro ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် Super Retina XDR LTPO OLED မျက်နှာပြင်တပ်ဆင်ထားပြီး ProMotion Support, AOD နဲ့ 2,000 Nits Brightness ပါပါတယ်။ Pro မော်ဒယ်တွေမှာ ဆော့ဖ်ဝဲ Optimisation တွေပါတဲ့ Dynamic Island လို့ ခေါ်တဲ့ ဆေးတောင့်ပုံ Cutout ထည့်သွင်းထားပါတယ်။ ဆင်ဆာ-Shift Stabilization ပါတဲ့ 48MP Main , 12MP Ultrawide Angle , 12MP Telephoto နဲ့ LiDAR ဆင်ဆာတွေ တပ်ဆင်ထားပြီး A16 Bionic Chip မောင်းနှင်ထားကာ 15W Magsafe Wireless Charging ပါပါတယ်။

ref : gizmochina