Xiaomi ရဲ့ Sub-brand Redmi ဟာ ၂၀၂၂ ခုနှစ် နွေရာသီက K50 Ultra ကို ရောင်းချခဲ့ပြီး အဲဒီအချိန် မတိုင်ခင် လအနည်းငယ်အကြာက K50 နဲ့ K50 Pro ကို အရင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုထွက်လာတဲ့သတင်းအရ K60 Series ကိုလည်း အဲဒီအတိုင်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Redmi K60 series launches with an inaugural E variant and an upgrade to  wireless charging - NotebookCheck.net News

Redmi K60 Ultra ကို ၂၀၂၃ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ရောင်းချနိုင်ပြီး Dimensity 9200 Chipset နဲ့ 100W Fast Charging ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ Specs တွေဟာ Redmi K60 Pro လောက် အထင်ကြီးစရာ မကောင်းတာကို တွေ့ရပါတယ်။

SD 8 Gen 2 နဲ့ SD 8+ Gen 1 ပါတဲ့ Redmi K60 Pro နဲ့ Redmi K60 – MyTech  Myanmar

Redmi K60 Ultra ရဲ့ Specs တွေဟာ K50 Ultra ထက် အများကြီး မတိုးတက်လာဘူးလို့ သိရပြီး K50 Ultra မှာ Snapdragon 8+ Gen 1 နဲ့ 120W Charging ထည့်သွင်းထားတာ ဖြစ်ပါတယ်။ K60 Ultra မှာ 6.67” OLED 2712x1220p မျက်နှာပြင် ပါလာနိုင်ပြီး 144Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။

အခုမှ ၂၀၂၃ ခုနှစ် ကွာတား ၁ ပဲ ရှိသေးတဲ့အတွက် ကွာတား ၃ ရောက်ဖို့အချိန်အများကြီးလိုပါသေးတယ်။ Redmi K60 Ultra ကို မကြေညာသေးခင် တခြား စမတ်ဖုန်းတွေကို ကြေညာဖို့ ရှိနေပါသေးတယ်။ အဲဒီအထဲမှာ Redmi Note 12 Turbo ပါဝင်ပြီး ကြီးမားတဲ့ 5,500mAh ဘက်ထရီ၊ 67W Charging နဲ့ Snapdragon 7 Gen 2 Chipset ပါလာနိုင်ပါတယ်။

Ref : gsmarena