Xiaomi က ပြီးခဲ့တဲ့လက MWC မှာ Xiaomi 13 Series စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး အခုတော့ Xiaomi 13 Ultra ကို ကြေညာမယ့် အချိန်နဲ့ ပတ်သက်တဲ့ သတင်းထွက်လာပါတယ်။ Xiaomi 13 Ultra ဟာ အရင်နှစ်ထုတ် Xiaomi 12S Ultra ရဲ့ မျိုးဆက် ဖြစ်ပါတယ်။
Xiaomi 13 Ultra == May 2023 https://t.co/rzoxVzBy28
— SnoopyTech (@_snoopytech_) March 10, 2023
အခုတော့ Tipster Ice Universe က Xiaomi 13 Ultra ကို နိုင်ငံတကာမှာ ရောင်းချမှာ ဖြစ်ပြီး OPPO Find X6 Pro ကို နိုင်ငံတကာမှာ မရောင်းဘူးလို့ ပြောပါတယ်။ ဒါ့အပြင် Tipster Snoppy Tech က Xiaomi 13 Ultra ကို ၂၀၂၃ ခုနှစ် မေလမှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ အရင် ကြေညာပြီးမှ နိုင်ငံတကာအတွက် မိတ်ဆက်မလားဆိုတာ မသိရသေးပါဘူး။
Xiaomi 13 Ultra ရဲ့ ဓါတ်ပုံတွေ အရင်က အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး ဒီဇိုင်း အနည်းငယ် ပြောင်းလဲထားပါတယ်။ အနောက်ဘက်မှာ Periscope Lens အပါအဝင် ဆန်ဆာ ၄ လုံးကို DSLR လို စက်ဝိုင်းပုံ ကင်မရာ Module ထဲမှာ ထည့်သွင်းထားပါတယ်။ Leica Branding ကို တွေ့ရပြီး အနောက်ဘက် Panel ဟာ Vegan Leather ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက် ကင်မရာ Island ဟာ Xiaomi 12S Ultra လို ငေါထွက်မနေပါဘူး။
နာမည်ကြီး တရုတ်က Tipster Digital Chat Station က Xiaomi 13 Ultra မှာ USB 3.2 Data Transfer နဲ့ USB PD Charging Standard Protocol ပါလာမယ်လို့ သတင်းပေးထားပါတယ်။
Ref : gizmochina