Apple ဟာ ဒီနှစ်မှာ iPhone 15 Series ကို ကြေညာတော့မှာ ဖြစ်ပေမယ့် ပထမမျိုးဆက် iPhone ဟာ လက်ရှိ ရောင်းထားတဲ့ iPhone တွေထဲမှာ တန်ဖိုးအကြီးဆုံး ဖြစ်နေပါတယ်။ အခုလည်း ပါကင်ပိတ် ပထမမျိုးဆက် iPhone ကို ဒေါ်လာ ၅၀,၀၀၀ ကျော်နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။
အရင်က ပါကင်ပိတ် ပထမမျိုးဆက် iPhone ကို ဒေါ်လာ ၆၃,၀၀၀ ကျော်နဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး အခုတော့ ဒေါ်လာ ၅၅,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အရင်က အဲဒီလိုပဲ ပါကင်ပိတ် ပထမမျိုးဆက် iPhone ကို ဒေါ်လာ ၃၅,၀၀၀ ၊ ဒေါ်လာ ၃၉,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
သက်တမ်း ၁၆ နှစ်ကြာပြီ ဖြစ်တဲ့ iPhone ရဲ့ တန်ဖိုးဟာ အခုအချိန်အထိ မြင့်တက်နေတုန်း ဖြစ်ပါတယ်။ Apple ရဲ့ စမတ်ဖုန်းတွေသာမက တခြား ထုတ်ကုန် အဟောင်းတွေဟာလည်း ဈေးကောင်းရနေပါတယ်။ အဲဒီအထဲမှာ Apple 1 ကွန်ပြူတာလည်း ပါဝင်ပြီး ဈေးများများနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ Apple CEO Tim Cook လက်မှတ်ထိုးထားတဲ့ iPhone 11 ကို ဒေါ်လာ ၄,၀၀၀ နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
Steve Jobs ရဲ့ Technical Instructions ကို ဒေါ်လာ ၁၂,၅၀၀ ၊ သူ့ရဲ့ Business Card ကို ဒေါ်လာ ၆,၁၈၈ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အခု iPhone ကိုတော့ ဒေါ်လာ ၅၅,၀၀၀ နဲ့ Apple ဝန်ထမ်း ၁ ယောက်က ရောင်းချခဲ့တာ ဖြစ်ပါတယ်။
Ref : gizmochina