Apple ဟာ World Wide Developers Conference (WWDC) ကို ဇွန်လ ပထမဆုံး အပတ်မှာ ပြုလုပ်လေ့ရှိပါတယ်။ အခုထွက်လာတဲ့ သတင်းအရ Apple ဟာ WWDC 2023 ကို ဇွန်လ ၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။ အရင်နှစ်ကတော့ ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
See ya at WWDC!
Team @FlightyApp decided to take a tiny flyer on the dates and just book it. pic.twitter.com/XxTbzEQ1XG
— Ryan Jones (@rjonesy) March 24, 2023
App Developer Ryan Jones က WWDC 2023 ကို ဇွန်လ ၅ ရက်နေ့ ကျင်းပမယ်လို့ တွစ်တာမှာ မျှဝေထားတာ ဖြစ်ပြီး Apple သတင်းတွေကို ထုတ်ဖော်ရာမှာ တိကျတဲ့ ShrimpApplePro နဲ့ SnoopyTech တို့ကလည်း ဇွန်လ ၅ ရက်နေ့ကို အတည်ပြုထားပါတယ်။
Apple ဟာ ပုံမှန်အားဖြင့် WWDC ကျင်းပမယ့်နေ့ကို ၁ လကြိုတင်ကာ ကြေညာလေ့ရှိပါတယ်။ အရင်နှစ်မှာ Apple က WWDC 2022 ကျင်းပမယ့်နေ့ ကို ဧပြီလ ၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပြီး ၁ လတိတိဖြစ်တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ WWDC 2023 အတွက် ဧပြီလ ၅ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။
So June 5th huh https://t.co/0GQKWAUd4H pic.twitter.com/VJR7EyoLaK
— ShrimpApplePro 🍤 (@VNchocoTaco) March 25, 2023
WWDC မှာ ဆော့ဖ်ဝဲကို အဓိက ကြေညာလေ့ရှိပေမယ့် ဒီနှစ်ပွဲမှာ ဟာ့ဒ်ဝဲတွေကိုပါ ချပြနိုင်ပါတယ်။ သတင်းများစွာထွက်နေတဲ့ AR Headset ကို WWDC 2023 မှာ မိတ်ဆက်နိုင်ပါတယ်။
အခု သတင်းဟာ ပေါက်ကြားသတင်း ဖြစ်ပြီး Apple က တရားဝင် အတည်မပြုထားသေးပါဘူး။ Apple က WWDC 2023 ကျင်းပမယ့်နေ့ကို တရားဝင် ပြောကြားမယ့် သတင်းကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : gizmochina