ASUS ဟာ လက်ရှိအချိန်အထိ ROG Gaming Phone တွေကို ဆက်တိုက်နှစ်စဥ်မိတ်ဆက်နေဆဲဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာလည်း ယခုနှစ်အတွက် ROG Phone အသစ်ဖြစ်တဲ့ ROG Phone 7 ကို တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ASUS ROG Phone 7 ဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး လက်ရှိမှာ စွမ်းဆောင်ရည်အမြင့်မားဆုံး Gaming Phone ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ ROG Phone 7 လို့ ယူဆရတဲ့ ဖုန်းရဲ့ အပြင်ဘက် ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံတွေကို Tipster တစ်ဦးဖြစ်တဲ့ SnoopyTech ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ မနှစ်တုန်းက ROG Phone 6 နဲ့ တူညီတာကိုတွေ့ရပါတယ်။ အရှေ့ဘက် Display ပိုင်းမှာ Punch-hole သို့မဟုတ် Notch Design ကို ပြောင်းလဲခြင်းမရှိသေးဘဲ Selfie Camera နဲ့ Stereo Speaker တွေကို အပေါ်ဘက်ဘောင်မှာ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

အနောက်ဖက်မှာ Dot-matrix Lightning စနစ်နဲ့ Graphic Panel ပါဝင်မှာဖြစ်ပြီး Camera ပိုင်းမှာတော့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ USB-C Port ကို အောက်ခြေအပြင် ဘေးဘက်မှာပါ ထည့်သွင်းပေးထားပြီး 3.5mm Headphone Jack လည်းပါဝင်မှာဖြစ်ပါတယ်။

ROG Phone 7 ဟာ Specification တွေအနေနဲ့ 6.78″ E4 AMOLED Display ပါဝင်မှာဖြစ်ပြီး Full HD+ Resolution အပြင် 165Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Snapdragon 8 Gen 2 Chipset ကိုမှ 16GB LPDDR5X RAM နဲ့ UFS 4.0 Storage တွေလည်းပါဝ၍်မှာပါ။

Camera ပိုင်းမှာ 50MP Main + 13MP Ultrawide + 5MP Camera ပါဝင်တဲ့ Triple Camera Setup အပြင် 32MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 6000mAh Battery ကိုမှ 65W Fast Charging ကို ထောက်ပံ့ပေးမှာပါ။ IP54 Dust and Waterproof Rating လည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref – Gizmo China