Samsung ဟာ Foldable စမတ်ဖုန်းတွေမှာ ကင်မရာကောင်းကောင်းတွေ ထည့်သွင်းပေးလေ့ မရှိပါဘူး။ ဒါပေမယ့် အရင်နှစ်ထုတ် Foldable စမတ်ဖုန်းတွေမှာ ကင်မရာတွေ တိုးတက်လာပါတယ်။ အခုတော့ Galaxy Z Fold5 နဲ့ Z Flip5 ရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ပထမဆုံး အကြိမ် ထွက်ပေါ်လာပြီး ကောင်းတာရော ဆိုးတာပါ ပါလာပါတယ်။
Tipster Yogesh Brar က Galaxy Z Fold5 မှာ 50MP Main, 12MP Ultrawide နဲ့ 10MP Telephoto ကင်မရာတွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Galaxy Z Flip5 မှာတော့ 12MP Wide နဲ့ 12MP Ultrawide တွေ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ကင်မရာတွေဟာ အရင်မျိုးဆက်တွေထက် အများကြီး မတိုးတက်လာတာတွေ့ရပါတယ်။
ကောင်းတဲ့အချက်က အဲဒီ စမတ်ဖုန်းတွေမှာ ကင်မရာ ဆန်ဆာ အသစ်တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ဓါတ်ပုံ အရည်အသွေး ပိုမို ကောင်းလာမှာပါ။ ဆန်ဆာ အားလုံးကို အဆင့်မြှင့်ထားမလား၊ တချို့ကိုပဲ အဆင့်မြှင့်ထားမလားဆိုတာ မသိရသေးပါဘူး။ လာမယ့်လတွေအတွင်း အဲဒီ စမတ်ဖုန်းတွေရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။
Yogesh Brar က Galaxy Z Fold5 နဲ့ Z Flip5 မှာ Hinge ဒီဇိုင်း ပိုမို ကောင်းမွန်လာပြီး ပိုကြီးတဲ့ အပြင်ဘက် မျက်နှာပြင် ပါလာမယ်လို့ ပြောပါတယ်။ Qualcomm ရဲ့ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။
Ref : gsmarena