realme က ပြီးခဲ့တဲ့လမှာ Dynamic Island လို Mini Capsule ပါတဲ့ realme C55 ကို ကြေညာခဲ့ပြီး အခုတော့ Mini Capsule လုပ်ဆောင်ချက် ပါတဲ့ realme ရဲ့ ဒုတိယဖုန်း ဖြစ်တဲ့ realme Narzo N55 ကို မိတ်ဆက်လိုက်ပါတယ်။

Realme Narzo N55 unveiled with Dynamic Island-like Mini Capsule

realme Narzo N55 ရဲ့ Mini Capsule မှာ Battery အခြေအနေ၊ Data Usage နဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းတွေကို ပြသပေးပါတယ်။ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး Helio G88 SoC တပ်ဆင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

Realme Narzo N55Realme C55

Narzo N55 မှာ 6.72” FullHD+ 90Hz LCD မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 64MP Main , 2MP Monochrome ကင်မရာ ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး နားကြပ်ပေါက်၊ USB-C Port ပါပါတယ်။ 33W SuperVOOC Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ၂၉ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

realme Narzo N55 အတွက် Prime Blue နဲ့ Prime Black အရောင် ထုတ်လုပ်ထားပြီး 4/64GB နဲ့ 6/128GB ကို ၁၃၅ ဒေါ်လာနဲ့ ၁၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena