Xiaomi ဟာ ယခုနှစ်အတွက် အကောင်းဆုံး Flagship ဖုန်းဖြစ်လာမယ့် Xiaomi 13 Ultra ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါ Xiaomi 13 Ultra ဖုန်းအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ Xiaomi Pad 6 နဲ့ Xiaomi Pad 6 Pro Tablet တွေကိုပါ အတူပူးတွဲမိတ်ဆက်ခဲ့ပါတယ်။
Xiaomi Pad 6 နဲ့ Pad 6 Pro Tablet ၂ မျိုးစလုံးဟာ 11-inch IPS LCD Display ကိုမှ 1800 x 2880 Pixels Resolution ရှိမှာဖြစ်ပါတယ်။
Xiaomi Pad 6 Pro မှာ 144Hz Refresh Rate နဲ့ Pad 6 မှာ 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Aspect Ration အနေနဲ့ 16:10 ရှိမှာဖြစ်ပါတယ်။
Performance ပိုင်းမှာ Xiaomi Pad 6 Pro ဟာ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားပြီး Pad 6 ကတော့ Snapdragon 870 ကိုပဲ အသုံးပြုထားပါတယ်။
Battery ပိုင်းမှာလည်း XIaomi Pad 6 Pro ဟာ 67W Fast Charging ကို ထောက်ပံ့ပေးထားတဲ့ 8600mAh Battery ပါဝင်ပြီး Pad 6 မှာ 33W Charging ကိုပဲ ထောက်ပံ့ပေးနိုင်တဲ့ 8840mAh Battery ပါဝင်မှာပါ။
Camera အနေနဲ့ Xiaomi Pad 6 Pro ဟာ 50MP Main Back Camera အပြင် Auto-tracking Feature ပါဝင်တဲ့ 20MP Selfie Camera ကို ထည့်သွင်းပေးထားပါတယ်။
Pad 6 ကိုတော့ 13MP Back Camera နဲ့ သာမန် 8MP Selfie Camera ပဲ အသုံးပြုထားပါတယ်။ Tablet ၂ ခုစလုံးဟာ Dolby Atmos Audio ပါဝင်တဲ့ Quad Speaker Setup ပါဝင်မှာဖြစ်ပါတယ်။
ဒါတင်မဟုတ်သေးဘဲ Xiaomi ဟာ Pad 6 Series အတွက် Keyboard Case အသစ်အပြင် Latency ပိုမိုလျော့နည်းတဲ့ Second-gen Smart Pen ကိုပါ တွဲဖက်မိတ်ဆက်ခဲ့ပါသေးတယ်။
အရောင်တွေအနေနဲ့ Black ၊ Blue နဲ့ Champage Gold ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Xiaomi Pad 6 ဟာ တရုတ်ယွမ်ငွေ ၂,၀၉၉ (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ၊ Xiaomi Pad 6 Pro က တရုတ်ယွမ်ငွေ ၂,၆၉၉ (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Ref – GSM Arena