vivo X Flip ဟာ vivo ရဲ့ ပထမဆုံး Clamshell Foldable ဖုန်း ဖြစ်ပြီး Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပါတယ်။ 3 inch AMOLED Cover မျက်နှာပြင် တပ်ဆင်ထားပြီး စာပို့တာ၊ မြေပုံကြည့်တာနဲ့ လူမှုကွန်ရက်သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။
ပင်မ မျက်နှာပြင်က 6.74 inch LTPO AMOLED FHD+ ဖြစ်ပြီး 120Hz Refresh Rate ပါလာပါတယ်။ 32MP အရှေ့ ကင်မရာ တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။
12GB RAM နဲ့ 512GB Storage ပါလာပြီး အနောက်ဘက်မှာ 50MP Sony IMX866V (OIS) နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။
Hands-free Selfie တွေ ရိုက်ကူးဖို့ Hinge ကို ကြိုက်တဲ့ ပုံစံ ချိန်ညှိနိုင်ပါတယ်။ 44W Fast Charging ထောက်ပံ့တဲ့ 4,400mAh Battery ပါလာပြီး Android 13 အခြေပြု Origin OS3 မောင်းနှင်ထားပါတယ်။
vivo X Flip ရဲ့ 12/256GB ကို ၅,၉၉၉ ယွမ် (၈၇၂ ဒေါ်လာ)နဲ့ 12/512GB ကို ၆,၆၉၉ ယွမ် ( ၉၇၃ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
Ref : gsmarena