တရုတ်မှာ vivo Y78+ 5G ကို ကြေညာလိုက်ပြီး မျက်နှာပြင်ကွေး ပါတဲ့ ပထမဆုံး vivo Y Series ဖုန်း ဖြစ်ပါတယ်။ 6.78” OLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီးနဲ့ Video Call ပြုလုပ်ဖို့အတွက် အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main ၊ 2MP Macro ကင်မရာ ၂ လုံးနဲ့ LED Flash ၂ လုံး ထည့်သွင်းထားပါတယ်။ Android 13 အခြေပြု OriginOS 3 UI မောင်းနှင်ထားပါတယ်။
vivo Y78+ 5G မှာ Snapdragon 695 Chipset ပါလာပြီး 12GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိထည့်သွင်းထားပါတယ်။ 44W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါပါတယ်။
Dual SIM, 5G, Wi-Fi 802.11ac, Bluetooth 5.1, GPS, a USB-C port နဲ့ 3.5mm Audio Jack တပ်ဆင်ထားပြီး အရွယ်အစားအပြည့်အစုံက 162.24 x 74.79 x 7.89mm နဲ့ အလေးချိန်က ၁၇၇ ဂရမ် ဖြစ်ပါတယ်။
vivo Y78+ 5G ရဲ့ 8/128GB ကို ၁,၅၉၉ ယွမ် (၂၃၂ ဒေါ်လာ) ၊ 8/256GB ကို ၁,၇၉၉ ယွမ် (၂၆၁ ဒေါ်လာ)နဲ့ 12/256GB ကို ၁,၉၉၉ ယွမ် (၂၉၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ Moon Shadow Black, Warm Sun Gold နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ဒီလ ၂၆ ရက်နေ့ ရောင်းမှာပါ။
Ref : gizmochina