Apple ဟာ Batterygate လို့ သိကြတဲ့ iPhone 6 နဲ့ 6s ရဲ့ စွမ်းဆောင်ရည်ကို ရည်ရွယ်ချက်ရှိစွာ ကျဆင်းအောင်လုပ်တဲ့အတွက် နောက်ထပ် တရားစွဲမှု ၁ ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Apple ရဲ့ iPhone 6 နဲ့ 6s စွမ်းဆောင်ရည်ကျဆင်းအောင်လုပ်တာကို ခံရတဲ့ ဗြိတိန်က User တွေ ကိုယ်စား Justin Gutmann က တရားစွဲလိုက်တာ ဖြစ်ပြီး နစ်နာကြေး စတာလင်ပေါင် ၁.၆ ဘီလီယမ် တောင်းဆိုထားပါတယ်။
Gutmann ရဲ့ ရှေ့နေတွေက Apple ဟာ စွမ်းဆောင်ရည်ကျဆင်းအောင် ပြုလုပ်ခြင်းဖြင့် iPhone ဘက်ထရီ အဟောင်းတွေရဲ့ ပြဿနာကို ဖြေရှင်းထားတာကို ဖုံးကွယ်ထားခဲ့တယ်လို့ ပြောပါတယ်။
Apple က ဒီအမှုကို ရှောင်လွှဲနိုင်ဖို့ လန်ဒန် တရားရုံးမှာ လျှောက်ထားထားပါတယ်။ Apple ရဲ့ ရှေ့နေတွေက အခုအမှုဟာ အခြေအမြစ် မရှိဘူးလို့ ပြောပါတယ်။
iPhone ဘက်ထရီ အဟောင်း အနည်းငယ်မှာပဲ ဒီလို ဖြစ်တာဖြစ်ပြီး အဲဒီအတွက် Apple က ဘက်ထရီ အခမဲ့ လဲလှယ်ပေးထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
Gutmann ရဲ့ ရှေ့နေတွေက ၂၀၂၀ ခုနှစ် အမေရိကန်မှာ ဖြစ်ခဲ့တဲ့ အမှုမှာ Apple ဟာ iPhone တွေရဲ့စွမ်းဆောင်ရည်ကျဆင်းအောင် ပြုလုပ်ထားတဲ့ သက်သေအထောက်အထားခိုင်လုံတယ်လို့ ထောက်ပြပါတယ်။
Apple ကတော့ ၂၀၁၇ ခုနှစ်မှာ အဲဒီပြဿနာကို လူသိရှင်ကြား တောင်းပန်ခဲ့ပြီးပြီ ဖြစ်ပြီး ဈေးချိုသာစွာနဲ့ ဘက်ထရီ လဲလှယ်နိုင်အောင် ပြုလုပ်ပေးထားပြီးပြီလို့ တုန့်ပြန်ပါတယ်။
Ref: gsmarena