Samsung Galaxy Z Flip Series ဖုန်းတွေဟာ Foldable ဖုန်းတွေထဲမှာ တော်တော်လေးကို အောင်မြင်တဲ့ဖုန်းတွေဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာ မိတ်ဆက်လာနိုင်တဲ့ Galaxy Z Flip5 ဖုန်းဆိုရင်လည်း Samsung ကနေ အဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်လာမယ်လို့ သိရပါတယ်။
Samsung Galaxy Z Flip5 ရဲ့ အဓိကပြောင်းလဲမှုတစ်ခုက အပြင်ဘက်က External Screen ကို ယခင်ကထက် အများကြီးပိုမို အရွယ်အစားကြီးမားလာမှာပဲဖြစ်ပါတယ်။ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Galaxy Z Flip5 ဖုန်းရဲ့ External Screen နဲ့ ပတ်သက်တဲ့သတင်းတွေကို ပြောကြားခဲ့ပါတယ်။
Ice Universe ရဲ့ ပြောကြားချက်အရ Galaxy Z Flip5 ဖုန်းရဲ့ External Screen ဟာ 3.4″ Screen Size ရှိမှာဖြစ်ပြီး Resolution အနေနဲ့ 720 x 748p Resolution အပြင် 304ppi Pixel Density ရှိမယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိ Galaxy Z Flip4 မှာပါဝင်တဲ့ 1.9″ 260×512 Pixels Resolution External Screen နဲ့ နှိုင်းယှဥ်မယ်ဆိုရင် သိသိသာသာကို ပိုကြီးမားမှာဖြစ်ပါတယ်။
ဒါပေမယ့် ထူးခြားချက်တစ်ခုက Galaxy Z Flip5 ဖုန်းရဲ့ External Screen ဟာ လုံးဝ စတုဂံပုံစံဖြစ်နေတာမဟုတ်ဘဲ Camera ဘေးတစ်ဝိုက်မှာ ကွေးညွှတ်ထားမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို External Screen ပိုကြီးတာက အသုံးပြုသူတွေအတွက် ပိုပြီး အဆင်ပြေမှာ သေချာပါတယ်။
Ref – GSM Arena