ဒီနှစ်က Google အတွက်တော့ စမတ်ဖုန်းတွေအပြင် Hardware Product အသစ်တွေကို ပိုပြီးအာရုံစိုက်လာမယ့် နှစ်လို့တောင် သတ်မှတ်ရမှာပါ။ မကြာခင် မေလ ၁၀ ရက်နေ့မှာ Google ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်လာမယ့် Pixel Fold ဖုန်းအပြင် Google Pixel 7a ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။
ဒါတင်မဟုတ်သေးဘဲ Google ဟာ ယခုနှစ်ကုန်ပိုင်းမှာလည်း Flagship Pixel 8 Series ဖုန်းတွေကို မိတ်ဆက်ဦးမှာဖြစ်ပါတယ်။ အဆိုပါ Pixel 8 Series မှာ အသုံးပြုလာမယ့် Google Tensor G3 Chipset ဟာ လက်ရှိ Tensor G2 ထက် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။
နောက်ဆုံးထပ်မံသိရှိရတဲ့သတင်းတစ်ခုအရ Google ဟာ Pixel 8 Series ဖုန်းတွေနဲ့အတူ Pixel Watch 2 Smartwatch ကိုပါ မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Pixel Watch 2 ဟာလည်း Pixel 8 Series လိုမျိုးပဲအဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ထားမှာဖြစ်ပါတယ်။
Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Pixel 7 Series ဖုန်းတွေနဲ့အတူ Pixel Watch ကို စတင်မိတ်ဆက်ခဲ့ပေမယ့် RAM 1GB ပဲ ပါဝင်တာ၊ အသုံးပြုထားတဲ့ Chipset က ထွက်ရှိထားတာ အချိန်ကြာနေပြီဖြစ်တဲ့ Exynox 9110 Chipset ကို အသုံးပြုထားတာတွေကြောင့် တခြား Smartwatch တွေနဲ့ယှဥ်ရင် အားနည်းနေခဲ့ပါတယ်။ လာမယ့် Pixel Watch 2 ကတော့ အခုအားနည်းချက်တွေကို ပြင်ဆင်လာပြီး ပိုမိုစွမ်းဆောင်ရည်မြင့်မားမယ်လို့ ခန့်မှန်းရပါတယ်။
ဒါ့အပြင် Pixel Watch 2 မှာ Google ရဲ့ Material You Design Language ကို အခြေခံပြီး Wear OS Update အသစ်ကိုလည်း အတူထုတ်ပေးသွားမယ်လို့ သိရပါတယ်။
Ref – Gizmo China