Apple MacBook တွေဟာ ကိုယ်ပိုင် Apple Silicon Chip တွေကို ပြောင်းလဲအသုံးပြုပြီးနောက်ပိုင်းမှာ စွမ်းဆောင်ရည်ပိုင်းမှာတင်မဟုတ်ဘဲ Battery Life ပိုင်းမှာပါ သိသိသာသာ တိုးတက်ခဲ့ပါတယ်။ အခုဆို Apple ဟာ M2 Chip တွေကို အသုံးပြုထားတဲ့ MacBook တွေကို ရောင်းချနေပြီဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ်ပိုင်းမှာ MacBook တွေရဲ့ ရောင်းအားက ကျဆင်းနေပြီး Apple က ဒါကို ဖြေရှင်းဖို့အတွက် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ အဆင့်မြှင့်တင်မှုတွေထဲမှာ MacBook Display ကို လက်ရှိ LCD နဲ့ miniLED Display ကနေ OLED Display ကို အဆင့်မြှင့်တင်သွားဖို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Apple ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်ပြီး Samsung ရဲ့ 8th Gen OLED Panel တွေကို MacBook တွေမှာ စတင်အသုံးပြုသွားမှာဖြစ်ပြီး ၂၀၂၇ အထိ OLED Display တွေကိုပဲ အသုံးပြုဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ MacBook တွေတင်မဟုတ်သေးဘဲ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမယ့် iPad Pro တွေကိုလည်း OLED Display ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

MacBook တွေဟာ လွန်ခဲ့တဲ့ သုံးလပါတ်တာ ကာလ ၂ ခုမှာ ရောင်းအား ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် အခုလို MacBook ရောင်းအားကျဆင်းရသလဲဆိုတာကို ခန့်မှန်းဖို့ ခက်ခဲပေမယ့် အခုနောက်ဆုံးထွက်ထားတဲ့ MacBook တွေက သိသိသာသာပြောင်းလဲမှုမရှိတာကြောင့် အဓိကဖြစ်နိုင်ပါတယ်။

Ref – Gizmo China