Indian Computer Emergency Response Team (CERT-In) က Daam အမည်ရ Android Malware အသစ်နဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။ အဲဒီ Malware ဟာ Android Device တွေကို Hack ကာ အရေးကြီး ဒေတာတွေကို ခိုးယူနိုင်ပါတယ်။

Daam malware

Daam ဟာ ဖုန်းရဲ့ Security Check တွေကို ကျော်ဖြတ်နိုင်ပြီး အရေးကြီး ဒေတာတွေကို ခိုးယူနိုင်ကာ Permission တွေကို ရယူနိုင်ပါတယ်။ Call Logs ကို ရယူနိုင်ပြီး Device Passwords တွေကို ပြင်ဆင်နိုင်တာအပြင် တခြား အလုပ်များစွာကို လုပ်နိုင်ပါတယ်။

Malware ဟာ ဖုန်းထဲ ရောက်တာနဲ့ ဖုန်းကို ထိန်းချုပ်နိုင်ပါတယ်။ Daam ဟာ Android APK Files များစွာကနေ ပျံ့နှံ့နေပါတယ်။ Third-party Websites နဲ့ App Store တွေကနေ App တွေ Download လုပ်တဲ့အခါ Daam ပါလာတာပါ။

Malware

Daam ဟာ ဖုန်းကို ထိန်းချုပ်နိုင်ဖို့ Android APK Files များစွာကို ဆက်သွယ်ပါတယ်။ Third-party Website တွေကနေ ကူးစက်ပြီးနောက် Malware ဟာ AES Encryption Algorithm ကနေ ဖုန်းထဲက Files တွေကို Encrypt လုပ်ပါတယ်။

Malware ဟာ Call Recording ၊ Contacts တွေကို Hack နိုင်ပြီး ကင်မရာကို ထိန်းချုပ်နိုင်ပါတယ်။ Password တွေကို ပြင်ဆင်နိုင်ပြီး Browsing History ၊ Bookmark တွေကို ရယူနိုင်ပါတယ်။

အဲဒီအတွက် Malware မကူးစက်စေဖို့ Google  Play Store နဲ့ ယုံကြည်ရတဲ့ Website တွေကနေပဲ App တွေကို Download လုပ်ပါ။ ဖုန်းမှာ နောက်ဆုံးထွက် Security Patch တွေ ထည့်သွင်းပါလို့ အကြံပြုလိုက်ပါတယ်။

Ref : gizchina