Apple က WWDC 2023 မှာ M2 Series ရဲ့ မျိုးဆက်သစ် M2 Ultra ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် Chipset ဖြစ်ပြီး ဒုတိယမျိုးဆက် 5 Nanometer Process နဲ့ တည်ဆောက်ထားကာ Apple ရဲ့ UltraFusion နည်းပညာ ပါပါတယ်။ M2 Max Chip ၂ ခုကို ပေါင်းစပ်ထားတဲ့အတွက် M2 Ultra ဟာ စွမ်းဆောင်ရည် အလွန်ကောင်းပါတယ်။
M2 Ultra မှာ Transistors ပေါင်း ၁၃၄ ဘီလီယမ် ထည့်ထားပြီး M1 Ultra ရဲ့ ၂၀ ဘီလီယမ်ထက် ပိုများပါတယ်။ Apple ရဲ့ Memory Architecture ကလည်း အလွန်ကောင်းလာပြီး 192GB အထိ ထောက်ပံ့လာကာ M1 Ultra ထက် ၅၀ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ ဒါ့အပြင် 800GB/s Memory Bandwidth ထောက်ပံ့ပြီး M2 Max ထက် ၂ ဆ ပိုများပါတယ်။
M2 Ultra ရဲ့ ထူးခြားတဲ့ စွမ်းရည်က 24-core CPU ဖြစ်ပါတယ်။ အဲဒီမှာ နောက်မျိုးဆက် စွမ်းရည်မြင့် Core ၁၆ လုံး၊ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ Core ၈ လုံး တပ်ဆင်ထားတဲ့အတွက် M1 Ultra ထက် စွမ်းရည် ၂၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။
M2 Ultra ရဲ့ GPU ကလည်း စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါ့အပြင် Neural Engine ကို Core ၃၂ လုံးနဲ့ အဆင့်မြှင့်ထားပြီး ၁ စက္ကန့်ကို တွက်ချက်မှုပေါင်း ၃၁.၆ ထရီလီယမ် ပြုလုပ်နိုင်ကာ အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
M2 Ultra ရဲ့ Display Engine က Pro Display XDRs ၆ ခုအထိ ထောက်ပံ့ပြီး Pixel သန်း ၁၀၀ ကျော်ကို ပြသပေးနိုင်ပါတယ်။ လုံခြုံရေးအတွက် နောက်ဆုံးထုတ် Secure Enclave နဲ့အတူ Hardware-verified Secure Boot နဲ့ Runtime Anti-exploitation နည်းပညာတွေ ထည့်သွင်းထားပါတယ်။
M2 Ultra ကို ဒီလထဲထွက်မယ့် Mac Pro နဲ့ Mac Studio တို့မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Apple က Mac တွေမှာ Apple Silicon ကို ပြောင်းသုံးတာကို ဂုဏ်ယူစွာ ကြေညာလိုက်ပြီး ကုမ္ပဏီအတွက် သမိုင်းမှတ်တိုင်လို့ ပြောပါတယ်။
Ref: gizmochina