Apple ကနေ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Wordwide Developer Conference (WWDC) မှာ မိတ်ဆက်ခဲ့တဲ့ Vision Pro AR/VR Headset ဟာ လူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့တဲ့ Product တစ်ခုလည်းဖြစ်ပါတယ်။ အခုလိုမျိုး Mixed Reality Headset တစ်ခုဟာ Apple ကနေ အခုမှ လမ်းသစ်တစ်ခုအနေနဲ့ စတင်မိတ်ဆက်လိုက်တာလည်းဖြစ်ပါတယ်။

အဆိုပါ Apple Vision Pro Headset ဟာ လုပ်ဆောင်နိုင်စွမ်းတွေ အလုပ်မြင့်မားပေမယ့် တစ်ဖက်မှာ စျေးနှုန်းကလည်း ဒေါ်လာ ၃,၄၉၉ နဲ့ ရောင်းချသွားမှာဖြစ်တာကြောင့် လက်ရှိ Apple iPhone အပါအဝင် တခြား Product တွေထက်တောင် ပိုပြီး စျေးကြီးနေပါသေးတယ်။ လက်ရှိ Meta Quest Pro လိုမျိုး VR Headset တွေဟာလည်း Apple Vision Pro နဲ့ ယှဥ်မယ်ဆိုရင် အဆများစွာပိုမိုစျေးသက်သာဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ Apple ဟာ လက်ရှိ Vision Pro ထက် ပိုမိုစျေးသက်သာတဲ့ Version တစ်ခုကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး လူအမြောက်အများ ပိုမိုအသုံးပြုလာအောင် စျေးနှုန်းလျော့ချထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ စျေးပိုသက်သာတဲ့ Vision Pro Headset ကို နာမည်အနေနဲ့ Vision သို့မဟုတ် Vision One လို့ နာမည်ပေးထားနိုင်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ မိတ်ဆက်နိုင်အောင် စီစဥ်နေတယ်လို့ သိရပါတယ်။ အခုလို စျေးပိုမိုသက်သာလာတာကြောင့် အရည်အသွေးပိုနိမ့်တဲ့ Screen ၊ Speaker ပိုင်းတွေ၊ Processor ပိုင်းတွေအပြင် လက်ရှိ Vision Pro ရဲ့ ထူးခြားချက်ဖြစ်တဲ့ External EyeSight Screen တွေကို လျော့ချပြီး မိတ်ဆက်လာနိုင်ပါတယ်။

တစ်ခုရှိတာက အခုလို စျေးသက်သာတဲ့ Vision Pro Headset ကို မိတ်ဆက်ဖို့ရှိတယ်ဆိုပေမယ့်လည်း အနည်းဆုံး ဒေါ်လာ ၂,၀၀၀ ကနေ ဒေါ်လာ ၃,၀၀၀ ကြား ကျသင့်နိုင်တာကြောင့် ပြိုင်ဘက်တွေထက် ပိုမိုစျေးကြီးနေဦးမှာဖြစ်ပါတယ်။

Ref – Gizmo China