Samsung Galaxy Z Fold5 ကို ဇူလိုင်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပါတယ်။ အရင်မျိုးဆက် Galaxy Z Fold4 နဲ့ ဒီဇိုင်း တူညီပြီး အနည်းငယ်ပဲ ကွဲပြားပါတယ်။ Z Fold5 မှာ Foldable မျက်နှာပြင် ပတ်လည်က ဘောင်တွေဟာ ပိုမိုပါးလွှာလာပါတယ်။
Z Fold5 မှာ LED Flash ရဲ့ တည်နေရာကို ပြောင်းလဲထားပြီး ထိပ်ဆုံးက ကင်မရာရဲ့ ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ Z Fold4 မှာတော့ LED Flash ကို ကင်မရာ ၃ လုံးအောက်မှာ ထည့်သွင်းထားပါတယ်။
မိုက်ကရိုဖုန်း၊ USB-C Port နဲ့ စပီကာ နေရာတွေက Z Fold4 နဲ့ အများကြီး တူညီပါတယ်။ ပေါက်ကြား ဓါတ်ပုံမှာ S Pen ကို တွေ့ရပါတယ်။
ပေါက်ကြားသတင်းတွေအရ Z Fold5 မှာ 7.6” QHD+ Foldable AMOLED မျက်နှာပြင်နဲ့ 6.5” FHD+ Cover AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ မျက်နှာပြင် ၂ ခုစလုံးဟာ 120Hz Refresh Rate ကို ထောက်ပံ့ထားမှာပါ။
Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB LPDDR5x RAM ပါလာမှာ ဖြစ်ကာ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားမှာပါ။ 45W Fast Charging နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,400mAh Battery ပါလာမှာပါ။
Z Fold5 မှာ 12MP အရှေ့ ကင်မရာ၊ 4MP မျက်နှာပြင်အောက် ကင်မရာ၊ 50MP (Main)+12MP Ultrawide+10MP Telephoto ကင်မရာတွေ တပ်ဆင်ထားမှာပါ။ Android 13 အခြေပြု One UI 5.1.1 မောင်းနှင်ထားမှာပါ။
Ref : gizmochina