vivo က တရုတ်မှာ vivo X90s ကို ဇွန်လ ၂၆ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို vivo ရဲ့ ဝီဘို အကောင့်မှာ တရားဝင် အတည်ပြုထားတာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို မျှဝေထားပါတယ်။

vivo sets X90s announcement for June 26 - GSMArena.com news

အဲဒီ ဓါတ်ပုံတွေကို ဓါတ်ပုံဆရာ Alex Webb က vivo X90s နဲ့ ရိုက်ကူးထားတာ ဖြစ်ပြီး ဓါတ်ပုံတွေဟာ အရောင်စုံလင်ကာ တောက်ပပါတယ်။ vivo X90s ရဲ့ ဓါတ်ပုံအရည်အသွေးဟာ အလွန်ကောင်းမွန်တာ တွေ့ရပါတယ်။

Vivo X90 Series India Launch Teased; to Feature 1-inch Sony IMX989 Main Camera, MediaTek Dimensity 9200 SoC | Technology News

vivo X90s မှာ Dimensity 9200+ Chipset အသစ်ကို အသုံးပြုထားမှာ ဖြစ်ပြီး X90 မှာတော့ Dimensity 9200 Chipset ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အဲဒီဖုန်း ၂ လုံးရဲ့ တခြား Specs တွေက တူညီနိုင်ပါတယ်။ အဲဒီအတွက် vivo X90s မှာ 6.78” 1260x2800p 120Hz AMOLED မျက်နှာပြင်၊ 8GB or 12GB RAM ၊ 120W Charging ထောက်ပံ့တဲ့ 4,810mAh Battery ပါလာနိုင်ပါတယ်။ ကင်မရာတွေအတွက် X90s မှာ 50MP Wide , 12MP 2x Zoom နဲ့ 12MP Ultrawide ကို အနောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ အရှေ့ဘက်မှာတော့ 32MP ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။

Ref : gsmarena