လက်ရှိအချိန်မှာ လျှပ်စစ်ကား EV စျေးကွက်ဟာ အလွန်အရှိန်အဟုန်နဲ့ တိုးတက်နေတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံတွင်းမှာ ပြိုင်ဆိုင်မှုအလွန်မြင့်မားပြီး နည်းပညာအသစ်တွေကိုလည်း မကြာခဏချပြနေကြပါတယ်။


အခုလည်း တရုတ်နိုင်ငံ EV စျေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ Li Auto ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ EV ကားအသစ်ကို စျေးကွက်ထဲကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ EV ကားရဲ့ နာမည်ကိုတော့ Li MEGA လို့ နာမည်ပေးထားပြီး High-end EV ကားအမျိုးအစားဖြစ်တာကြောင့် ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ Design ပိုင်းမှာ SUV ပုံစံမျိုး ထုတ်လုပ်ထားတဲ့အတွက် လူကြိုက်များဦးမယ်လို့ ယူဆရပါတယ်။

Li MEGA EV လျှပ်စစ်ကားရဲ့ အဓိကထူးခြားချက်ကတော့ Battery ပိုင်းပဲဖြစ်ပြီး 0-100% ကို အားသွင်းဖို့အတွက် အချိန် ၁၅ မိနစ်ပဲ ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Li Auto ကနေ 500kW နဲ့အထက် အားသွင်းနိုင်မယ့် နည်းပညာအသစ်တွေကိုလည်း စတင်စမ်းသပ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

မောင်းနှင်နိုင်မယ့် အကွာအဝေးကလည်း အားအပြည့်သွင်းထားမယ်ဆိုရင် ကီလိုမီတာ ၈၀၀ ခန့် (မိုင် ၅၀၀ ဝန်းကျင်) မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ City NOA (Navigation on ADAS) လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့စနစ်ကိုလည်း စတင်စမ်းသပ်သွားမှာဖြစ်ပြီး Mind GPT ဖြင့် မောင်းနှင်ထားတဲ့ Lixiang Tongxue အမည်ရှိ AI Voice Assistant အသစ်ကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Ref – Gizmo China