iQOO 11 Series ရဲ့ S အဖွဲ့ဝင်ကို မကြာခင် တွေ့ရတော့မှာ ဖြစ်ပါတယ်။ 3C မှာ မှတ်ပုံတင်ထားတဲ့ ဒေတာတွေအရ iQOO 11S မှာ MediaTek ရဲ့ Dimensity 9300 Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး အားသွင်းနှုန်းက iQOO 11 Pro နဲ့တူညီမှာ ဖြစ်ပါတယ်။ vivo iQOO 11S မှာ 200W Charging ထည့်သွင်ထားမယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

vivo iQOO 11S

iQOO 11S ရဲ့ မော်ဒယ်နံပါတ်က V2304A ဖြစ်ပြီး 20V/10A Max Output ထုတ်ပေးနိုင်တဲ့ V200100A0L0-CN Charger ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ Charger ကို iQOO 11 Pro မှာလည်း ထည့်သွင်းပေးထားပါတယ်။ USB-PD နဲ့လည်း အသုံးပြုနိုင်တဲ့အတွက် အားသွင်းနှုန်း မြန်စေတဲ့ Power Delivery ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 200W Charging အပြည့်အဝကိုတော့ မရရှိနိုင်ပါဘူး။

iQOO 11 review: Camera quality

အရင်က ပေါက်ကြားသတင်းတွေအရ iQOO 11S အတွက် Mint Green အရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး အနောက်ဘက်ကို သားရေ ဒီဇိုင်း ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီ ဒီဇိုင်းကို iQOO 11 နဲ့ iQOO 11 Pro အတွက်လည်း ထုတ်လုပ်ပေးထားပါတယ်။ vivo iQOO 11S မှာ ပါလာမယ့် MediaTek Chipset ကပဲ တခြား iQOO 11 Series တွေနဲ့ ကွဲထွက်နေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena