vivo ဟာ Premium Crystal Glass နဲ့ ပြုလုပ်ထားပြီး 44W FlashCharge, 5000 mAh Battery, 8 GB + 8 GB Extended RAM နှင့် 50 MP HD Main Camera  တွေကို ထောက်ပံ့ထားတဲ့  Y36 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

vivo Y36 ဟာ အမြင်လှပတဲ့ ဒီဇိုင်းလက်ရာအပြင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ စွမ်းဆောင်ရည်ကို ကိုယ်စားပြုပြီး၊ စမတ်ဖုန်းရွေးချယ်ရာမှာ အဆိုပါအချက်နှစ်ခုလုံးကို ဦးစားပေးသူတွေအတွက် ထည့်သွင်းစဉ်းစားစရာလည်း ဖြစ်ပါလိမ့်မယ်။

Y36 ​ရဲ့ ကျောဘက်ဟာ Golden Ripple Process လို့ ခေါ်တဲ့ ရွှေရောင်လှိုင်းတွန့်သဏ္ဍန် မှန်နဲ့ ပြုလုပ်ထားတာကြောင့် မျက်စိ ပသာဒဖြစ်စရာအလှနဲ့ ဆွဲဆောင်နိုင်တာလည်း တွေ့ရပါတယ်။ 2.5D Flat Frame နဲ့ ချောမွတ်တဲ့မျက်နှာပြင်နဲ့ကိုယ်ထည်က ထူးခြားပေါ်လွင်တဲ့ ဒီဇိုင်းအမြင်ကို ဖြစ်ပေါ်စေပြီး Y36 ​၏ Fantasy Frame ကလည်း လူငယ်ဆန်ပြီး ထူးခြားတဲ့ အသွင်ကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

Qualcomm Snapdragon 680 Mobile Platform ကြောင့် Y36 ရဲ့စွမ်းဆောင်ရည်ဟာ မျှော်လင့်ထားတာထက် ပိုကောင်းနေမဲ့အပြင် 8 GB + 8 GB Extended RAM နေ့စဉ်သုံးပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် လျင်မြန်ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံကို ပံ့ပိုးပေးပါလိမ့်မယ်။ 44W FlashCharge နည်းပညာပါဝင်ပြီး 5000 mAh high-capacity ဘက်ထရီလည်း ပါရှိတာကြောင့် မကြာခဏ အားသွင်းရတာမျိုးကို မေ့ထားနိုင်ပါလိမ့်မယ်။

vivo ရဲ့အစဉ်အလာအတိုင်း 50MP HD Main Camera က ပုံများရိုက်ကူးရာမှာ ကြည်လင်ပြတ်သားတဲ့ အရည်အသွေး၊ လှပရွှန်းစိုတဲ့ အရောင်အသွေးတွေနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။ 2MP Bokeh Camera ကတော့အလှပုံတွေရိုက်ကူးရာမှာ depth-of-field effects ကို အကောင်းဆုံး ဖြည့်စွက်ပေးပါလိမ့်မယ်။

selfie ရိုက်ကူးရာမှာလည်း Y36 ရဲ့ 16 MP HD Front Portrait Camera က Crystal လိုကြည်လင်တဲ့ Self-portraits တွေကိုရရှိစေနိုင်တဲ့အပြင် Double Exposure feature ကလည်း ဓာတ်ပုံတွေကို အနုပညာဆန်သည့်လက်ရာတွေအဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

vivo Myanmar ​ရဲ့ CEO ဖြစ်တဲ့ Mr. Nelson Ni က “ကျွန်တော်တို့ vivo ရဲ့ Y series က နည်းပညာပိုင်းဆိုင်ရာထူးခြားမှုတွေကို မဆုတ်မနစ်လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပဲ ထူးခြားဆွဲဆောင်မှု ရှိတဲ့ဒီဇိုင်းတွေကိုလည်း အသုံးပြုသူတွေနဲ့ပိုမိုနီးစပ်အောင်ဖန်တီးလျက်ရှိပါတယ်။ အသစ်ထွက်ရှိလာတဲ့ Y36 မှာဆိုရင် မျက်စိပသာဒဖြစ်ဖွယ်ဒီဇိုင်းနဲ့ ထူးခြားတဲ့ စွမ်းရည်တွေကိုပါရရှိနိုင်အောင်ဖန်တီးထားပြီး အသုံးပြု သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေအပေါ် ဦးစားပေးဖန်တီးထားပြီး ယုံကြည်မှုအပြည့်နဲ့ နည်းပညာ လောကထဲ ရောက်လာတာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

vivo Y36 ကို စျေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၆၆၉,၈၀၀ ကျပ် နဲ့ pre-order စတင်မှာယူနိုင်ပြီဖြစ်ပြီး preorder gift အဖြစ် vivo travel bag တစ်လုံး၊ vivo Y36 T-shirt တို့ကို မှာယူသူတိုင်းအား လက်ဆောင် ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Source: vivo