Samsung မိုဘိုင်း ဌာနရဲ့ အကြီးအကဲ TM Roh က “ အရင်နှစ်က Foldable ဖုန်း ၁၀ သန်းအောက်ပဲ ရောင်းချနိုင်ခဲ့ပါတယ်။ ၆၀ ရာခိုင်နှုန်းက Galaxy Z Flip 4 နဲ့ ၄၀ ရာခိုင်နှုန်းက Z Fold 4 တို့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ၅၀ ရာခိုင်နှုန်း ပိုရောင်းကောင်းဖို့ မျှော်လင့်ထားပါတယ်။” လို့ ပြောပါတယ်။
အဲဒီအတွက် ကုမ္ပဏီဟာ ဒီနှစ်မှာ ၁၅ သန်းလောက် ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး Samsung ဟာ Foldable ဈေးကွက်မှာ ဦးဆောင်သူ အဖြစ် ဆက်လက်ရှိနေစေမှာပါ။
ဈေးကွက် သုတေသန အဖွဲ့အစည်း Trendforce က ဒီနှစ်မှာ Foldable ၁၈ သန်း ရောင်းချနိုင်မယ်လို့ခန့်မှန်းထားပြီး IDC က သန်း ၂၀ အထက် ရောင်းချနိုင်မယ်လို့ တွက်ချက်ထားပါတယ်။ အဲဒီအတွက် ၂၀၂၃ ခုနှစ်မှာ ရောင်းချတဲ့ Foldable အားလုံးရဲ့ ၄ ပုံပုံ ၃ ပုံဟာ Galaxy တွေ ဖြစ်နိုင်ပါတယ်။
၂၀၂၂ မော်ဒယ်တွေရဲ့ ရောင်းအားဟာ ညီမျှပါတယ်။ TM Roh က ဒီနှစ်မှာ Galaxy Z Flip 5 ဟာ Galaxy Z Fold 5 ထက် ရောင်းအားပိုကောင်းမယ်လို့ ခန့်မှန်းထားပါတယ်။
Roh က တခြား အင်တာဗျူးတစ်ခုမှာ တောင်ကိုရီးယားမှာ ရောင်းချတဲ့ စွမ်းရည်မြင့် Galaxy ၃ လုံးမှာ ၁ လုံးဟာ Z Foldable ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ Foldable ရောင်းအားဟာ စွမ်းရည်မြင့် Galaxy အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်ဖို့ တွက်ချက်ထားပါတယ်။
အရင်နှစ်မှာ Roh က ၂၀၂၅ ခုနှစ်မှာ Galaxy Z Foldable ရောင်းအားဟာ Galaxy S Series ထက် ပိုများမယ်လို့ ပြောထားပါတယ်။
Ref : gsmarena