Apple က iPhone 14 မှာ ဆယ်လူလာ လိုင်း မမိတဲ့ အချိန်မှာ အရေးပေါ် သုံးနိုင်တဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ကနေဒါ နိုင်ငံ Missanabie မှ ဒေသခံတွေက iPhone 14 ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ အရေးပေါ်ဌာနတွေကို ဆက်သွယ်အကြောင်းကြားခြင်းဖြင့် တောမီးလောင်တာကို တားဆီးနိုင်ခဲ့ပါတယ်။

Apple SOS

iPhone 14 နဲ့ 14 Pro မှာ ထည့်သွင်းပေးထားတဲ့ ဂြိုလ်တု ဆက်သွယ်ရေးဟာ တောထဲမှာ လမ်းပျောက်နေချိန်နဲ့ ထိခိုက်ဒဏ်ရာရချိန်တို့မှာ အရေးပေါ်ဌာနတွေကို ဆက်သွယ်နိုင်ပါတယ်။ အခုတော့ တောမီးလောင်တာကိုပါ တားဆီးပေးနိုင်ဖို့အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

ကနေဒါက ဒေသခံတွေနဲ့ မီးသတ်သမားတွေဟာ ကျွန်းမှာ တောမီးလောင်တာကို ခက်ခက်ခဲခဲ ငြိမ်းသတ်နေခဲ့ရပါတယ်။ အဲဒီနောက်မှာ iPhone 14 ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ သဘာဝ အရင်းအမြစ်နဲ့ တောအုပ် ဝန်ကြီးဌာန (MNRF) ကို ဆက်သွယ် အကြောင်းကြားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဝန်ကြီးဌာနနဲ့ မီးသတ်သမားတွေ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့လို့ တောမီး ငြိမ်းသွားခဲ့ပါတယ်။

Apple's iPhone 14 Emergency SOS via Satellite Feature Saves Stranded Man in Alaska - MacRumors

ဆယ်လူလာ လိုင်း မမိတဲ့ အချိန်မှာ Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က အသုံးပြုသူရဲ့ တည်နေရာကို အရေးပေါ်ဌာနတွေဆီ ပေးပို့ပေးပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေးရဲ့  ဒေတာ ပေးပို့တဲ့ အမြန်နှုန်းက နှေးကွေးပေမယ့် အရေးပေါ် အခြေအနေတွေမှာ အသုံးဝင်ပါတယ်။

Ref : gizmochina