ဈေးကွက် စစ်တမ်း အသစ်တစ်ခုအရ တရုတ်မှာ Huawei ဟာ Foldable စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး ဒီနှစ် ပထမနှစ်ဝက်မှာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော် ရရှိထားပါတယ်။ ဒါတောင် စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် Huawei ရဲ့ Foldable ဖုန်းတွေမှာ 5G ဆက်သွယ်မှု မပါပါဘူး။
Huawei ဟာ အသစ်ထုတ်ထားတဲ့ Huawei Mate X3 ရဲ့ 5G Version ကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် အဲဒီသတင်းကို Huawei က အတည်မပြုထားသေးပါဘူး။
Huawei ဟာ ပြိုင်ဖက်တွေများပြားတဲ့ တရုတ်မှာ Foldable စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်နေတာ အထင်ကြီးစရာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Samsung က လွဲပြီး တခြား ရွေးချယ်စရာ Foldable စမတ်ဖုန်းတွေ နည်းပါးပါတယ်။ တရုတ် ဈေးကွက်မှာ vivo , Honor, OPPO, Xiaomi တို့ကလည်း Foldable စမတ်ဖုန်းတွေ ရောင်းချနေကြပါတယ်။
Huawei ရဲ့ နောက်မှာ OPPO က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပြီး Samsung က နံပါတ် ၃ ဖြစ်ပါတယ်။ အဲဒီနောက်မှာ vivo , Honor, Xiaomi နဲ့ Motorola တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။
စစ်တမ်းအရ တရုတ်မှာ Foldable စမတ်ဖုန်း ရောင်းအားဟာ တစ်နှစ်ထက်တစ်နှစ် ၇၂ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ Foldable နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ရောင်းအားပိုကောင်းလာနိုင်ပါတယ်။
Ref : gsmarena