iPhone 15 Series ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ အဲဒီနေ့ကို Apple က အတည်ပြုလိုက်ပါပြီ။

iPhone 15 Series Set to Launch on September 12 at Apple's Wonderlust Event - MySmartPrice

iPhone 15 , iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ကို ကြေညာမှာ ဖြစ်ပြီး Apple.com နဲ့ Apple TV App တို့ကနေ တိုက်ရိုက်ပြသမှာပါ။

Apple က Tagline မှာ “Wonderlust” လို့ ရေးသားထားပြီး “ ခရီးသွားဖို့ စိတ်အားထက်သန်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။ Apple က “Wow ဖြစ်စေမယ့် စိတ်အားထက်သန်မှု” လို့ ညွှန်းဆိုချင်ပုံရပါတယ်။

မကြာခင်က ဥရောပသမဂ္ဂရဲ့ ဥပဒေအရ iPhone အသစ် အားလုံးမှာ USB-C Port တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ iPhone 15 Pro Max/ Ultra ဟာ Periscope Zoom ကင်မရာ ပါတဲ့ Apple ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

iPhone 15 release date confirmed? Apple announces major September event | Express.co.uk

Pro မော်ဒယ်တွေမှာ Stainless Steel အစား တိုက်တေနီယမ် ဖရိမ် တပ်ဆင်ထားနိုင်ပါတယ်။ iPhone 15 Series အားလုံးမှာ Program ရေးဆွဲနိုင်တဲ့ Action Button နဲ့ Dynamic Island ထည့်သွင်းထားနိုင်ပါတယ်။

Apple ဟာ AirPods Series တွေမှာလည်း USB-C Port တပ်ဆင်ထားနိုင်ပါတယ်။ Apple Watch Series 9 နဲ့ Apple Watch Ultra 2 ကိုလည်း အဲဒီပွဲမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena