Motorola က Edge+ (2023) ကို မေလမှာ ကြေညာခဲ့ပြီး အခုတော့ Edge (2023) ကို ချပြလိုက်ပါတယ်။ Edge (2023) မှာ Dimensity 7030 SoC မောင်းနှင်ထားပြီး 8GB RAM+256GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ Android 13 ထည့်ထားပြီး Software Update ဘယ်နှစ်နှစ် ရမလဲ ဆိုတာ မပြောပါဘူး။

Motorola Edge (2023) announced: Dimensity 7030 SoC, 144Hz screen, and 50MP camera

Motorola Edge (2023) မှာ 6.6” 144Hz pOLED မျက်နှာပြင် တပ်ဆင်ထားပြီး HDR10+ ထောက်ပံ့ပါတယ်။ 360Hz Touch Sampling Rate ပါလာပြီး Peak Brightness က 1,200 Nits ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Motorola Edge (2023) announced: Dimensity 7030 SoC, 144Hz screen, and 50MP camera

ကိုယ်ထည်ကို အလူမီနမ်နဲ့ တည်ဆောက်ထားပြီး အနောက်ဘက် ကာဗာက သားရေ ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 13MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ဒုတိယ ကင်မရာနဲ့ Macro ရိုက်နိုင်ပါတယ်။

Edge (2023) မှာ 68W Wired နဲ့ 15W Wireless Charging ပါတဲ့ 4,400mAh Battery ထည့်သွင်းထားပါတယ်။ Dolby Atmos Tuning, NFC, IP68 နဲ့ USB-C Port ပါပါတယ်။ Eclipse Black ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး အမေရိကန်မှာ ၆၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref: gsmarena