vivo က တရုတ်မှာ vivo Y78t ကို ကြေညာလိုက်ပါတယ်။ vivo Y78t မှာ 6.64” LCD Full HD+ 1080x2388p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ ညာဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Android 13 အခြေပြု OriginOS 3.0 မောင်းနှင်ထားပါတယ်။

vivo Y78t w/ Snapdragon 6 Gen 1 now official » YugaTech | Philippines Tech News & Reviews

vivo Y78t မှာ Snapdragon 6 Gen 1 Chipset ၊ LPDDR4x RAM ၊ UFS 2.2 Storage ပါလာပြီး 44W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh Battery ထည့်ထားပါတယ်။ 8 GB RAM + 128 GB Storage, 8 GB RAM + 256 GB Storage နဲ့ 12 GB RAM + 256 GB Storage တွေ ထုတ်လုပ်ထားပါတယ်။

vivo Y78t with 6.64″ FHD+ 120Hz display, Snapdragon 6 Gen 1, up to 12GB RAM, 6000mAh battery announced

အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Bokeh နဲ့ LED Flash ပါပါတယ်။ Dual SIM, 4G VoLTE, WiFi 802.11ac, Bluetooth 5.1, GPS, USB-C Port နဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ထားပါတယ်။ vivo Y78t ဟာ တရုတ်မှာ ဩဂုတ်လက ကြေညာခဲ့တဲ့ iQOO Z8x ကို အမည်ပြောင်းထားတာပါ။

vivo Y78t ရဲ့ 12GB RAM+256GB Storage Version ကို ၁,၄၉၉ ယွမ်သတ်မှတ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ အနက်၊ အဖြူနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး တခြား နိုင်ငံမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina