Samsung က Generative AI နည်းပညာကို သူ့ရဲ့ Virtual Assistant Bixby မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Samsung ရဲ့ ထိပ်တန်း အရာရှိ ၁ ယောက်က ကုမ္ပဏီဟာ အဲဒီလို ပြုလုပ်ပေးဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ ပြောပေမယ့် ထည့်သွင်းပေးမယ့် အချိန်ကို မပြောသွားပါဘူး။
Samsung ဟာ Bixby ကို တီဗီနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေမှာ ထည့်သွင်းပေးထားပြီး ကုမ္ပဏီဟာ Bixby ကို တိုးတက်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်။
Bixby ဟာ Galaxy စမတ်ဖုန်းတွေမှာ ရောက်ရှိနေတာ ၇ နှစ်ကြာပြီ ဖြစ်ပြီး စွမ်းရည်မြင့် Galaxy S8 နဲ့အတူ Bixby ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Bixby မှာ တိုက်ရိုက် ဘာသာပြန်ပေးတာနဲ့ စားသောက်ဆိုင်ကို အကြံပြုပေးတာတို့လို ထူးခြားဆန်းသစ်တဲ့ စွမ်းရည်တွေ ပါလာခဲ့ပါတယ်။
ဒါပေမယ့် Bixby ဟာ User က မေးခွန်းမေးမှ ဖြေကြားပေးတာ ဖြစ်ပြီး အင်တာနက် ကနေ အဖြေတွေကို ရှာဖွေပေးတာ ဖြစ်ပါတယ်။ သင့် မေးခွန်းအလိုက် စာသားနဲ့ ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်တဲ့ OpenAI ရဲ့ ChatGPT နဲ့ Google Gemini တို့ရဲ့ စွမ်းရည်တွေ Bixby မှာ မပါရှိပါဘူး။
Ref : gsmarena