Infinix က အိန္ဒိယမှာ Note 40 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.78” 1080×2436 AMOLED Display ပါလာပြီး 120Hz Refresh Rate နဲ့ 1300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 7020 SoC မောင်းနှင်ထားပြီး 8GB RAM , 256GB UFS 3.1 Storage ထည့်သွင်းထားသလို microSD Card စိုက်နိုင်ပါတယ်။

Infinix Note 40 5G launches in India with 120 Hz AMOLED screen, wireless charging

အနောက်ဘက်မှာ 108MP ကင်မရာနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပြီး 33W Wired Charging , 15W wireless MagCharge ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Infinix Note 40 5G India Launch Date Set for June 21; Design, Colour Options, Key Features Revealed | Technology News

Dual-SIM အသုံးပြုနိုင်ပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။ JBL စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး IP53 ရေစိုခံစံနှုန်း ပါပါတယ်။ Android 14 OS အခြေပြု XOS 14 မောင်းနှင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 165.51 x 75.93 x 7.91 mm ဖြစ်ပြီး အလေးချိန်က ၁၈၅ ဂရမ် ဖြစ်ပါတယ်။

Obsidian Black နဲ့ Titan Gold အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gsmarena