ပြီးခဲ့တဲ့နှစ်မှာ Apple ဟာ A16 Bionic Chip ပါတဲ့ iPhone 15, iPhone 15 Plus နဲ့ A17 Pro ပါတဲ့ iPhone 15 Pro, iPhone 15 Pro Max ကို ရောင်းချခဲ့ပါတယ်။ Pro နဲ့ Non-Pro မော်ဒယ်တွေမှာ မတူညီတဲ့ Chip ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒါကို လူတွေက သိပ်မကြိုက်ကြပါဘူး။ iPhone 15 Pro နဲ့ 15 Pro Max မှာပဲ Chipset ကြောင့် Apple Intelligence ကို ရကြမှာပါ။
အခုတော့ Apple က ဒီနှစ်မှာ အဲဒီလိုမျိုး မလုပ်တော့ဘူးလို့ သတင်းကောင်းထွက်လာပါတယ်။ Apple ဟာ iPhone 16 မော်ဒယ်အားလုံးမှာ A18 Chip ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။
Non-Pro iPhone 16 တွေမှာ A18 နဲ့ Pro တွေမှာ A18 Pro Chip ထည့်သွင်းထားနိုင်ပါတယ်။ အနည်းဆုံးတော့ Non-Pro တွေမှာ ပြီးခဲ့တဲ့နှစ်ထုတ် Chip ကို မထည့်သွင်းထားတာက သတင်းကောင်းပါ။
Apple ရဲ့ Code တွေမှာ ဖုန်း မော်ဒယ် ၅ လုံးကို တွေ့နေရပြီး နောက် ၁ လုံးက နောက်မျိုးဆက် iPhone SE ဖြစ်လာနိုင်ပါတယ်။ အဲဒီဖုန်းကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်ပြီး iPhone 16 Series နဲ့ တူညီတဲ့ Chip ထည့်သွင်းထားမှာပါ။
Ref : gsmarena